Main menu

Background

လုပ်ငန်းတိုးတက်လိုသူ စင်ကာပူဝန်ထမ်း ၅၁ ရာခိုင်နှုန်းကအလုပ်ပြောင်းဖို့ဆန္ဒရှိ

Mon, 10/08/2012 - 09:30 -- Anonymous (not verified)

ဝန်ထမ်းနှစ်ဦးမှာတစ်ဦးက လုပ်ငန်း အခြေအနေတိုးတက်ဖို့အတွက် လုပ်ငန်းပြောင်းဖို့လိုတယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့အတိုင်ပင်ခံအေဂျင်စီ တစ်ခုဖြစ်တဲ့ Kelly Services   လုပ်ငန်းခွင် စစ်တမ်းမှာ ဖော်ပြထားပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုရချင်တယ်၊ လုပ်ငန်းအခြေအနေ တိုးတက်ကောင်းမွန်ချင် တယ်ဆိုရင်လက်ရှိအလုပ်ရှင်ဆီမှာစွဲပြီး လုပ်နေတာနဲ့စာရင် အလုပ်ရှင်ပြောင်း လုပ်ဖို့ကပိုမိုအရေးကြီးတယ်လို့ ယုံကြည်သူက ၅၁ ရာခိုင်နှုန်းရှိကြောင်း Kelly  Global Workforce Index  အရသိရပါတယ်။ ရှာဖွေတွေ့ရှိချက်တွေက လုပ်သားတွေရဲ့ သဘောထားပြောင်းလဲတာ၊ အလုပ်ရှင်အမျိုးမျိုးဆီမှာ အလုပ် အကိုင်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအမျိုးမျိုးရလိုတာကို ရောင်ပြန်ဟပ်နေ ကြောင်း Kelly Services  ကအောက်တိုဘာ ၃ ရက်က ပြောပါတယ်။

စစ်တမ်း ကောက်ယူရာမှာ စင်ကာပူ နိုင်ငံသား ၆၀၀၀ အပါအဝင်နိုင်ငံ ပေါင်း ၃၀ မှလူပေါင်း ၁၇၀၀၀၀ ကို စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးအလားအလာရေရာမှု မရှိပေမဲ့အလုပ်ပြောင်းလိုက်ရင်အလား တူရာထူးမျိုးမှာသို့မဟုတ် ပိုမိုကောင်းမွန်တဲ့ ရာထူးမှာ စေ့စပ်ညှိနှိုင်းလို့ရတဲ့ အခွင့်အလမ်းတွေရှိတယ်လို့ ယုံကြည်သူက ၆၅ ရာခိုင်နှုန်းရှိပါတယ်။ ကိုယ် ရဲ့လုပ်ငန်းတိုးတက်ရေးမှာ အလုပ်ရှင်များများနဲ့တွေ့ကြုံဘူးတဲ့ အတွေ့အကြုံ က ဂုဏ်တစ်ခုဖြစ်တယ်လို့ ယုံကြည်သူက သုံးပုံနှစ်ပုံသို့မဟုတ် ၆၈ ရာခိုင်နှုန်း ရှိတယ်လို့ဆိုပါတယ်။ လက်ရှိအလုပ်မှာပျော်ရွှင်မှုရှိနေတဲ့တိုင်အောင်အလုပ်သစ်ရဖို့ တက်တက် ကြွကြွရှာဖွေနေပါတယ်လို့ ဝန်ခံသူက ၅၀ ရာခိုင်နှုန်းရှိပါတယ်။ အလုပ် သမား ၃၄ ရာခိုင်နှုန်းကသာလက်ရှိအလုပ်ရှင်နဲ့နေရင် တိုးတက်တဲ့အခွင့်အလမ်း ရနိုင် တယ်၊ ရာထူး တိုးတက်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ သူတို့ အစွမ်းအစကို လက်ရှိအလုပ်ရှင်က မမြင်တတ်ဘူးလို့ခံစားနေတဲ့အလုပ်သမားက ထက်ဝက် နီးပါး သို့မဟုတ် ၅၂ ရာခိုင်နှုန်းရှိပါတယ်။ "လုပ်ငန်းမှာပျော်ရွှင်နေတဲ့ လုပ်သားတွေပင်လျှင် သူတို့လုပ်ငန်းနောက် တစ်ဆင့်တက်လှမ်းနိုင်ဖို့ အသဲအမဲ ကြိုးပမ်းနေပါတယ်။ အဖွဲ့အစည်း အမျိုး မျိုးမှာ ဝင်ရောက်လုပ်ကိုင်ပြီး ကျယ်ပြန့်တဲ့ အလုပ်အကိုင်အတွေ့အကြုံကို ရဖို့ အလုပ်သမားအများစုက အခွင့်အလမ်း ရှာနေတယ်ဆိုတဲ့အခြေအနေမျိုး တွေနဲ့ အလုပ်ရှင်တွေရင်ဆိုင်နေရပါတယ်။ အလုပ်သမားတွေကအလုပ်အကိုင် မပြောင်းခင်နှစ်ကြိမ်ထပ်ပြီးစဉ်းစားတတ်ဖို့အစီအစဉ်တွေ၊ လုပ်ငန်းအခြေအနေ တိုးတက်ရေးအခြေအနေတွေကိုဖန်တီး ဖို့လိုပါတယ်" ဟုစင်ကာပူနိုင်ငံအတွက် Kelly Services  ရဲ့မန်နေဂျာမတ်ဟော က ပြောပါတယ်။ Source:CNA