Main menu

Background

ပခုက္ကူကုန်စည်ဒိုင်ရဲ့ စီးဆင်းမှုနဲ့ အရောင်းအဝယ်ရေစီးကြောင်း

Sun, 10/14/2012 - 08:13 -- Anonymous (not verified)

ပခုက္ကူကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ကုန်စီးဆင်းမှုမှာ ရန်ကုန်ကို ပဲစင်းငုံ ၅၅၅၂ အိတ်၊ ပဲတီစိမ်း ၃၂၂၅ အိတ်၊ နှမ်းမျိုးစုံ ၇၄၀၄ အိတ်၊ စားတော်ပဲ ၇၄၉ အိတ်၊ ပဲနီပြား ၂၃၀ အိတ်၊ ပဲယင်း ၈၃၀ အိတ် စီးဆင်း တယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေတာကတော့ ပဲစင်းငုံပါ အရောင်းအဝယ် ဖြစ်တယ် ဆိုပေမဲ့ ဈေးအနေနဲ့ ကျဈေးလို့ပဲပြောရမှာပါ။ အောက်တိုဘာ ၇ ရက်နေ့မှာ တစ်ပိဿာကို ၉၀၅ ကျပ်၊ တစ်တင်း ၁၈၁၀၀ ကျပ်နဲ့ အိတ် ၃၀၀၊ ၉ ရက်နေ့မှာ တစ်ပိဿာ ၉၀၀ ကျပ်၊ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ အိတ် ၁၅၀၊ ၁၀ ရက်နေ့မှာ တစ်ပိဿာကို ၉၁၀ ကျပ်၊ တစ်တင်း ၁၈၂၀၀ ကျပ်နဲ့ ၂၀၀ အိတ်၊ ၁၁ ရက်နေ့မှာ တစ်ပိဿာ ၉၃၀ ကျပ်၊ တစ်တင်း ၁၈၆၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၁၂ ရက်နေ့မှာ တစ်ပိဿာ ၉၂၀ ကျပ်၊ တစတင်း ၁၈၄၀၀ ကျပ်နဲ့ အိတ် ၅၇၀ အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲစင်းငုံတစ်တင်းကို ၂၂၄၀၀ ကျပ်ကနေ ၁၇၅၀၀ ကျပ်ထိ ဆင်းနေတယ်ဆိုတော့ တစ်တင်းအပေါ်မှာ ၄၀၀၀ ကျော် ၅၀၀၀ နီးပါး အရှုံးပေါ်နိုင်တော့ ထိတဲ့သူတွေ ထိနေကြပြီဖြစ်ပါတယ်။ ကြားရက်တွေမှာ ပဲတီစိမ်းသေး ၇ ရက်နေ့မှာ တစ်ပိဿာ ၁၀၄၂ ကျပ်၊ တစ်တင်း ၁၉၈၀၀ ကျပ်၊ ၉ ရက်နေ့မှာ တစ်ပိဿာ ၁၀၆၈ ကျပ်၊ တစ်တင်း ၂၀၃၀၀ ကျပ် အရောင်းအဝယ်ဖြစ်ခဲ့ပါသေးတယ်။ အရောင်းအဝယ်ရဲ့ သဘောက မြတ်မယ်ရှုံးမယ်ဆိုတာ သဘာဝတရားပါ ရောင်းလိုအား ဝယ်လိုအား ပစ္စည်းထွက်ရှိမှုဆိုတာတွေကြောင့် အရှုံးအမြတ်သဘောရှိနေမှာပါ။ ဒါပေမဲ့ လောဘဇောနဲ့ ဖြစ်နိုင်ခြေရှိတာကို တွက်ချက်ခန့်မှန်းရင်း အရောင်းအဝယ်ရေစီးကြောင်းထဲကနေ နွံနစ်ပြီး အရောင်းအဝယ် မြောင်းပုပ်ထဲ ကျသွားမှာကိုတော့ သတိထားသင့်ကြောင်းပါ။                                   မြင့်ဦး - ပခုက္ကူ