ယခုတစ်ပတ် ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းသီးနှံများမှာ ပဲအဝင်မရှိတော့ဘဲ ပွဲရုံတိုင်းမှာလည်း လက်ကျန်အသင့်အတင့်သာရှိခဲ့တာကို တွေ့ရပါတယ်။ လိုင်း သမားများ အဝယ်မရှိတော့သလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလအတွင်းမှာ မျိုးပဲဝယ် ယူသူများရှိခဲ့ပါတယ်။ မျိုးပဲဈေးမှာ တစ်တင်း ၁၆၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ယခင်နှစ်က မျိုးပဲဈေးနှုန်းမှာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ရောင်းဝယ်ခဲ့ကြတဲ့အတွက် ယခုနှစ်မျိုးဈေး နဲ့ သိပ်ကွာခြားမှုမရှိဘဲ အရောင်း အဝယ်ဖြစ်ခဲ့သလို လက်လီသမားများကတော့ တစ်တင်း ၁၆၀၀၀ ကျပ်သာ ဈေးပေး အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၅၀ ခန့်သာ အရောင်းအဝယ်အေးလျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်တွင် အိတ် ၂၀၀ ကျော်ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
Background