Main menu

Background

ပုံမှန်သာ အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်း

Sun, 10/14/2012 - 08:30 -- Anonymous (not verified)

ဟိုပုံးနနွင်းကတော့ ဒီတစ်ပတ်မှာ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပါတယ်။ တစ်ပိဿာကို ၈၄၀ ကျပ်ဈေးနဲ့ ရန်ကုန် ဝယ်လက်တွေဝယ်ယူနေတာကြောင့် တစ်ပတ်ကိုပိဿာချိန် ၆၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေ တယ်လို့သိရပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ အရောင်းအဝယ်ပုံမှန်သာဖြစ်နေပြီး၊ ပစ္စည်းအသန့်တွေသာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းသုံး ပရဆေးဖော်ဖို့နဲ့ အမှုန့်ပြုလုပ်ဖို့သာဝယ်ယူနေတာကြောင့် ပုံမှန်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဒေသခံပွဲရုံတွေကသိရပါတယ်။ နနွင်းခါးကိုတော့ ဈေးချိုလို့ နည်းနည်းချင်းစီ ဝယ်ယူနေကြတယ်လို့လည်းသိရပါတယ်။ နနွင်းခါးကတော့ ပရဆေးလိုင်းတစ်ခုသာ အသုံးဝင်တယ် လို့လည်း သိရပါတယ်။ ဒီတစ်ပတ်နနွင်းဈေးတွေကတော့ ပင်လောင်း နနွင်း ၅၅၀ ကျပ်၊ ၆၀၀ ကျပ်၊ အောင်ပန်းနနွင်း (နဝလီ) ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ ဆင်တောင်နနွင်း ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်နဲ့ ဟိုပုံးနနွင်း ၈၅၀ ကျပ်၊ ၉၀၀ ကျပ်ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။             ဧဧခိုင်-တောင်ကြီး