Main menu

Background

စပ်မျိုးနနွင်းများ အဝယ်အော်ဒါရှိလာ၊ အိန္ဒိယတောင်သူအချို့ နနွင်းဝယ်ယူလာ

Sun, 10/14/2012 - 08:32 -- Anonymous (not verified)

စပ်မျိုးနနွင်းကို အချို့ကုန်သည်များ အမှာအော်ဒါရရှိလို့ ဈေး မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေး ကောင်း စပ်နနွင်းများကို လှောင်လက်တွေကလည်း ဈေး တိုးမြင့် ဝယ်ယူကြပါတယ်။ နိုင်ငံမြောက်ပိုင်း မှ အဝယ်အသစ် မလာသေးပေမယ့် လှောင်လက်တွေ စတင်ဝယ်ယူတော့မှာ ဖြစ်လို့ တစ်တန် ရူပီး ၇၀၀၀၀ (ကန်ဒေါ်လာ ၁၃၂၉)အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အချို့တောင်သူများက နနွင်းစိုက်ပျိုးခြင်း မရှိဘဲ ဈေးကွက်တွေကနေ ဝယ်ယူနေတယ်လို့ သိရပါတယ်။ ရာသီဥတုမကောင်းတဲ့အတွက် ပုံမှန်နနွင်းစိုက်ဟက်တာ ၉၅၀၀ ရှိတဲ့ ခရိုင်အတွင်းမှာ ဟက်တာ ၂၅၀၀ သာစိုက်ပျိုးမှု ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးဈေးနည်းနေတဲ့ အပြင် Bhavani  စီမံကိန်းတူးမြောင်းမှ ရေလွတ်ခြင်းမရှိ တာကြောင့် စိုက်ဧရိယာလျော့ကျခြင်းဖြစ်ပါတယ်။ ဒါကြောင့် တောင်သူအချို့ဟာ နနွင်းစိုက်ပျိုးခြင်းမရှိဘဲ ဈေးကောင်း မယ်လို့ မျှော်လင့်ထားတဲ့ ၂၀၁၄ မှာ နနွင်းရောင်းချဖို့ ဝယ်ယူ နေခြင်းဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အီရော့ဈေးကွက်ကို နနွင်းအိတ် ၂၃၀၀ ဝင်ရောက်တဲ့ အနက် လှောင်လက်တွေနဲ့ စိုက်ပျိုးသူများက ၆၀ ရာခိုင်နှုန်း ခန့် ဝယ်ယူခဲ့ပါတယ်။ ပြည်ပတင်ပို့သူများက အရည်အသွေး ကောင်း နနွင်းကိုသာ ၁၀ ရာခိုင်နှုန်းခန့်  အဝယ်ရှိခဲ့ပါတယ်။ ဈေးကွက်ထိန်းသိမ်းရေးကော်မတီဝင်းမှာ နနွင်းတစ်တန် ရူပီး ၃၀၀၀(ကန်ဒေါ်လာ ၅၇)မြင့်တက် ခဲ့ပြီး၊ အီရော့သမအသင်း ဈေးဝင်းမှာ ရူပီး ၂၀၀၀(ကန်ဒေါ်လာ ၃၈)မြင့်တက်ခဲ့ပါတယ်။ အီရော့ဈေးကွက်မှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၄၁၁၉၀-၅၇၃၉၀ (ကန်ဒေါ်လာ ၇၈၂-၁၀၈၉)ရှိပြီး၊ နနွင်းဥဈေးမှာ ရူပီး ၃၈၀၉၀-၅၁၇၁၀ (ကန်ဒေါ်လာ ၇၂၃-၉၈၂)ရှိကြောင်းသိရပါတယ်။ယမင်းခင်Source: businessline