Main menu

Background

၆-၁၀-၂၀၁၂ မှ ၁၂-၁၀-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

Sun, 10/14/2012 - 08:43 -- Anonymous (not verified)

ရေကြောင်းလမ်းမှ ဓာတ်ဆီ၊ ဒီဇယ်တန် သုံးသောင်းရှစ်ထောင်ကျော်ဝင်အောက်တိုဘာ ပထမသီတင်းပတ်အတွင်းမှာ ဓာတ်ဆီ ၃၅၃၉ တန်၊ ဒီဇယ် ၃၅၄၂၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းရန်အတွက် ကုမ္ပဏီ ၁၃ခုမှ သွင်းကုန်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေး က ငါးဆယ်ကျပ် ဈေးမြင့်လာပါတယ်။ ပြင်ပဆိုင်ဈေးမှာတော့ ဒီဇယ်လည်း ဈေးကျလာသလို ဓာတ်ဆီလည်း ဈေးကျလာပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ တစ်ဂါလန်ဈေးနှုန်းတွေမှာ ဓာတ်ဆီ ၃၆၅၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၅၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်မှာ ရောင်းနေတဲ့ တစ်ဂါလန်ဈေးက ဒီဇယ် ၃၇၀၀ ကျပ်နဲ့ ဓာတ်ဆီက ၄၀၀၀ ကျပ်ဈေး ရှိတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ပြင်ပလက်လီဆိုင်များရဲ့ ဓာတ်ဆီဈေးက အနည်း ငယ်ကျလာပါတယ်။ ပြင်ပဆိုင်များရဲ့ ဓာတ်ဆီ တစ်ဂါလန်ဈေးက ၄၀၀၀ ကျပ်ဖြစ် ပြီး ဒီဇယ်လည်း ၄၀၀၀ ကျပ်ဖြစ်ပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးက တစ်ဂါလန်ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၄၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်မှာပြင်ပဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမပြောင်းသလို ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးကလည်း မပြောင်းတာကို တွေ့ရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိ က စက်သုံးဆီဆိုင်ရဲ့ တစ်ဂါလန်ဈေးက ဓာတ်ဆီ ၃၇၀၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပဆိုင်ရဲ့ တစ်ဂါလန်ဈေးမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမယ့် ဈေးကငြိမ်နေတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးများမှာ ဓါတ်ဆီဈေးက တစ်ဂါလံ ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်ဈေးက တစ်ဂါလံ ၄၀၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်ဖြစ်ပြီး ပြင်ပဆိုင်များရဲ့ ဈေးက ဓါတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်၊ အောက်တိန်း ၄၂၀၀ ကျပ်ဖြစ်တယ်လို့ သိရပါ တယ်။                                                                                MIRT(DOT)
 
နယ်စပ်မှ ဒီဇယ်ဆီ တန်တစ်သိန်းနီးပါးသွင်းနိုင်အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ တာချီလိတ်နဲ့ ကော့ သောင်းနယ်စပ်များမှ ကန်ဒေါ်လာ သုည ဒသမ ၀၆၁ သန်းတန်ဖိုးရှိတဲ့ ဓာတ်ဆီ ၁၆၆၃၂ ဂါလန် အသွင်းရှိခဲ့ရာ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ တာချီလိတ် မှ ၁၃၈၆၀ ဂါလန်နဲ့ ကော့သောင်းမှ ၂၇၇၂ ဂါလန် အသီးသီးဖြစ်ပါတယ်။ ဒီဇယ်ဆီ တင်သွင်းမှုကိုကြည့်လျှင် ကန်ဒေါ်လာ သုည ဒသမ ၃၆၃ သန်းတန်ဖိုးရှိ ၉၉၈၉၅ ဂါလန်အသွင်းရှိခဲ့ရာ  နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၅၁၃၃၃ ဂါလန်ကျော်နဲ့ မြိတ်မှ ၄၈၅၆၂ ဂါလန်ကျော် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT)
 
 
၆-၁၀-၂၀၁၂ မှ  ၁၂-၁၀-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ

စဉ်
နယ်စပ်စခန်း
ရေတွက်ပုံ
ဓာတ်ဆီဈေးနှုန်း
ဒီဇယ်ဈေးနှုန်း

တရုတ်

(ကျပ်)
(ကျပ်)

၁။  
မူဆယ်
ဂါလန်
3900
3900

၂။
လွယ်ဂျယ်
ဂါလန်
4200
4150

၃။
ချင်းရွှေဟော်
ဂါလန်
4000
4000

ထိုင်း

(ကျပ်)
(ကျပ်)

၁။
ကော့သောင်း
ဂါလန်
4900
3600

၂။
မြဝတီ
ဂါလန်
4000
4000

၃။
တာချီလိတ်
ဂါလန်
3808
3865

အိန္ဒိယ

(ကျပ်)
(ကျပ်)

၁။
တမူး
ဂါလန်
4500
4300

ဘင်္ဂလားဒေ့ရှ်

(ကျပ်)
(ကျပ်)

၁။
စစ်တွေ
ဂါလန်
4400
3500

၂။
မောင်တော
ဂါလန်
5500
5000