Main menu

Background

ကမ္ဘာ့ရွှေဈေးနှုန်းများ ၁၁ လနီးပါး ကာလအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိ

Sun, 10/14/2012 - 08:42 -- Anonymous (not verified)

ဥရောပဗဟိုဘဏ်က အစိုးရငွေချေးစာချုပ်တွေကို စတင်ဝယ်ယူ သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သတင်းကြောင့် ရွှေအပါအဝင် အဖိုးတန် သတ္ထုတွေကို ဝယ်လိုအားမြင့်မားလာတယ်။ ဒါ့ကြောင့် ကမ္ဘာ့ရွှေ ကြိုပွိုင့် ဈေးနှုန်းတွေက ၁၁ လနီးပါးကာလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ တယ်။အောက်တိုဘာ ၅ ရက်မှ ဒီဇင်ဘာလအရောက်ပို့ရမယ့် ရွှေကြို ပွိုင့်ဈေးနှုန်းက တစ်အောင်စကို ၁၇၉၇ ဒသမ ၇၀ ဒေါ်လာအထိရောက် ရှိခဲ့ရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ် လာပါတယ်။Source:Bloomberg.com, ပပ