ပုဂ္ဂလိကဘဏ်များတွင်ဖွင့်လှစ်ကာ ရောင်းဝယ်လျက်ရှိသည့် ငွေလဲကောင်တာ များတွင် အမေရိကန်ဒေါ်လာများကို လာရောက်ရောင်းချရာ၌ အကန့်အသတ်ဖြင့် ဝယ်ယူနေသကဲ့သို့ ဒေါ်လာများကိုလည်း အစွန်းအထင်းများပါရှိနေပါက ဝယ်ယူမှု မပြုခြင်းအပေါ် ပြည်သူများမှ စိတ်ပျက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
"ဒီနေ့ ကမ္ဘောဇဘဏ်မှာ ငွေသွားလဲတာ။ အစ်ကို ဒီပိုက်ဆံလေး လဲပေးပါ ဆိုလို့ ကျွန်တော်ပြန်လဲပေးခဲ့ရတယ်။ ဘာဖြစ်လို့လည်းလို့မေးတော့ မှိုကွက်တွေ တွေ့နေရလို့တဲ့။ ကျွန်တော် ဒေါ်လာ ၃၀၀၀ သွားလဲတာ ၂၆၀၀ ပဲ လဲလို့ရခဲ့ တယ်။ ဒါတောင် အခုသူပြန်ပေးလိုက်တဲ့ဒေါ်လာက အသစ်ကြီး။ ဘာမှ စွန်းထင်း တာတွေမရှိဘူး။ ကျွန်တော် အလုပ်သွားလုပ်တဲ့မလေးရှားမှာ ဒါမျိုးမရှိဘူး။ အခုလို စီးပွားရေးတွေ ပွင့်လင်းလာပြီဆိုရင် ဒါမျိုးတွေ မရှိသင့်တော့ပါဘူး''ဟု မလေးရှား နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး ခေတ္တပြန်ရောက်လာသူ ဦးအောင်သူက ပြောပါသည်။ယင်းကဲ့သို့ အမေရိကန်ဒေါ်လာများအား စုတ်ပြဲခြင်းမဟုတ်သော ဟောင်းနွမ်း ဒေါ်လာ၊ မှိုတက်စွန်းထင်းသောဒေါ်လာများကို ဘဏ်များ၏ ငွေလဲကောင်တာများ မှ လဲလှယ်ပေးခြင်းမရှိသည်မှာ ဗဟိုဘဏ်မှ အဆိုပါငွေများကို လက်မခံ၍ ဖြစ် ကြောင်း သမဝါယမဘဏ်ငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။"ကျွန်တော်တို့ကလည်း ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်အတိုင်းယူရတာပါ။ ကျွန် တော်တို့ကယူလိုက်လို့ ဗဟိုဘဏ်က မယူဘူးဆိုရင် ကျွန်တော်တို့ အရှုံးပေါ်မှာပေါ့။ ဒါကြောင့် ဟောင်းနွမ်းစွန်းထင်းတဲ့ဒေါ်လာတွေကို မယူရတာပါ"ဟု ၎င်း က ပြော သည်။ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည်လည်း ယခုတစ်ပတ်အတွင်းတွင် ဆက်တိုက်ကျဆင်းလျက်ရှိပါတယ်။မယ်သီတာ