Main menu

Background

အတက်အကျ အနည်းငယ်သာရှိခဲ့တဲ့ မြန်မာ့ရွှေဈေးကွက်

Sun, 10/14/2012 - 08:45 -- Anonymous (not verified)

ဒီတစ်ပတ်မှာတော့  မြန်မာ့ရွှေဈေး ကွက်ဟာ အတက်အကျ အနည်းငယ် နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။  ဒါ ပေမယ့်လည်း ရွှေဈေးကွက်အတွင်းမှာ တော့ ဝယ်သူထက် ရောင်းသူကသာ ပိုမို များပြားနေကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါတယ်။မြန်မာ့ရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေ ဈေး မြင့်တက်မှုနဲ့အတူ လိုက်လံမြင့် တက်ခဲ့သလို ကမ္ဘာ့ရွှေဈေးအနည်းငယ် ကျဆင်းချိန်မှာလည်း အနည်းငယ်သာ  ပြန်လည်ကျဆင်းခဲ့ပါတယ်။ အမေရိ ကန်ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်း ကျဆင်းလာခဲ့တာဟာ ရွှေဈေးကွက်ကို ပိုမိုခိုင်မာလာစေတယ်လို့ ရွှေကုန်သည် တချို့က ဆိုပါတယ်။"အခု  ရက်တော်တော်ကြာနေပြီ။ ကမ္ဘာ့ရွှေဈေးကတက်နေတယ်။ မြန်မာ့ ရွှေဈေးကလည်း  လိုက်ပြီး  တက်လာ တယ်။ ဒေါ်လာတန်ဖိုးကတော့ တစ် နေ့တခြား ကျဆင်းလာတယ်။  ရွှေ အရောင်းအဝယ်လုပ်နေတဲ့သူတွေက တော့ ဈေးမြင့်လာတဲ့အချိန်မှာ မြတ်တဲ့ အတွက်ထုတ်ရောင်းကြတယ်။ ဒါပေ မယ့်လည်း ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ရွှေကို အလုအယက်ဝယ်နေကြတာဖြစ် တဲ့အတွက် ရွှေဈေးက  တစ်နေ့တခြား တက်လာတာပဲ။ ရေနံကို ရွှေနဲ့ရောင်း တာက သူတို့အတွက်  ပိုပြီးတွက်ခြေ ကိုက်တဲ့အတွက်လည်း အီရန်က ရွှေနဲ့ ဝယ်မယ့်သူကိုပဲ ဦးစားပေးတယ်။ ဒါ ကြောင့် ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေး က တစ်နေ့ထက်တစ်နေ့ တက်လာတာ  ပဲ။ ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေ ဈေးကလည်း လိုက်တက်မယ်။ ဒါက ဖော်မြူလာလိုဖြစ်နေတာ"ဟု ဦးထုံရွှေ ဆိုင်မှ ဦးကျော်ဝင်းက ဆိုပါတယ်။မြန်မာ့ရွှေဈေးဟာ အောက်တိုဘာ ၈ ရက်က အခေါက်ရွှေတစ်ကျပ်သား ကို ၇၈၄၇၀၀ ကျပ်ရှိခဲ့ပြီး အောက်တို ဘာ ၁၀ ရက်တွင် ၇၈၆၂၀၀ ကျပ်သို့ ကျဆင်းခဲ့သည်။  ထို့နောက် အောက် တိုဘာ ၁၂ ရက်တွင် ၇၈၇၂၀၀ ကျပ် သို့သာ ပြန်လည်မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း  အောက် တိုဘာ ၈ ရက်က ၁၇၇၁  ဒေါ်လာရှိခဲ့ ပြီး ၁၀  ရက်တွင် ၁၇၆၄ ဒေါ်လာရှိခဲ့ ရာမှာ အောက်တိုဘာ ၁၂ ရက်တွင် ၁၇၇၀ ဒေါ်လာသို့ ပြန်လည်မြင့်တက် ခဲ့သည်။       မယ်သီတာ