Main menu

Background

ဘိလပ်မြေ ရှစ်ထောင်ကျော်သာဝင်

Sun, 10/14/2012 - 08:48 -- Anonymous (not verified)

စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက်တာကာလအတွင်း ဘိလပ် မြေ ၈၈၆၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ Diamond ဘိလပ်မြေ တန်ချိန် ၄၀၀၀ နဲ့ အခြား တံဆိပ်က ၄၈၁၅ တန်၊ တရုတ်နိုင်ငံမှ Spider  ဘိလပ်မြေ ၅၄ တန် အသီးသီး မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။                                 MIRT (DOT)

 
နယ်စပ်မှ ဘိလပ်မြေ တန် ၃၉၆၀ ကျော်အသွင်းရှိအောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ တာချီလိတ်၊ ကော့သောင်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၃၁ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၃၉၆၂ ဒသမ ၈၅ တန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၂၈၇ တန်ကျော်၊ လွယ်ဂျယ်မှ တန် ၇၆၀၊ ချင်းရွှေဟော်မှ ၇၅ တန်ကျော်၊ တာချီ လိတ်မှ ၁၁၉၅ တန်၊ ကော့သောင်းမှ ၄၉၅ တန်ခန့်နဲ့ မြိတ်မှ တန် ၁၁၅၀ အသီးသီး ဖြစ်ပါတယ်။                                           MIRT (DOBT)
ပြောင်းလဲမှုမရှိ ပုံမှန်လေးပဲရှိနေဆဲ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိပြီး ဘိလပ်မြေဈေး က အနည်းငယ်ကျလာတယ်လို့ ဆိုပါတယ်။ မြင်းခေါင်းဘိလပ်မြေက သုံးရာကျပ် ဈေးကျလာသလို ဆင်(ထိုင်း)က ၁၂၅ကျပ်နဲ့ ကြံ့(မြိုင်ကလေး)က ၅၀ ကျပ် ဈေး ကျလာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်းဘိလပ်မြေက ၃၃၅၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ်အိတ်ကို ၄၆၇၅ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ တစ်အိတ် ၃၉၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်လာပေမယ့် ဈေးက တော့ ငြိမ်နေဆဲဖြစ်ပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၄၀၀ ကျပ်၊ မြန်မာဆင် ၅၂၀၀ ကျပ်၊ ဆင် (ထိုင်း)ဘိလပ်မြေ ၅၉၀၀ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၅၁၀၀ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၂၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးနေပါတယ်။ ဘိလပ်မြေဈေး က ဒီတစ်ပတ်မှာ စိန်(ထိုင်း) က နှစ်ရာကျပ်ဈေးမြင့်လာပါတယ်။ ဈေးကွက်အတွင်း  အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း) တစ်အိတ်ကို ၅၂၀၀ ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို ၅၃၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက  အရောင်းအဝယ် အနည်းငယ် လိုက်လာပါတယ်။ ယခင်တစ်ပတ်နဲ့ စာရင် ရောင်းအားတက်လာတယ်လို့ သိရပါ တယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း စိန်(ထိုင်း) တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ခြင်္သေ့တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော် ၄၉၀၀ ကျပ်၊ နဂါးတစ် အိတ်ကို ၅၉၀၀ ကျပ်၊ ဆင် (ထိုင်း)တစ်အိတ်ကို ၆၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီလထဲမှာ  ဘိလပ်မြေဈေးက ငြိမ်နေရာ မှ ဒီတစ်ပတ်မှာ ဈေးအနည်းငယ် ကျလာပါတယ်။ ဈေးက ဆင်ဘိလပ်မြေနဲ့ မြင်း ခေါင်းဘိလပ်မြေ တစ်အိတ်ကို နှစ်ရာ ကျပ် ဈေးလျော့လာတယ်လို့  ပြောပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင် (ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ MIRT (DOT)