Main menu

Background

ဂျပန်၊ ကိုရီးယားကို နှမ်းပုံမှန် တင်ပို့နေ

Sun, 10/14/2012 - 08:57 -- Anonymous (not verified)

ပင်လယ်ရေကြောင်းမှတစ်ဆင့် ဂျပန်၊ ကိုရီးယားကို နှမ်းပုံမှန်တင်ပို့လျက်ရှိနေပါတယ်။ အောက်တိုဘာလ ၆ ရက်အထိ တစ်ပတ်အတွင်း နှမ်းရောင်စုံ တန်ချိန် ၁၃၀၀ ကျော်တင်ပို့မှုရှိခဲ့တဲ့အနက် ဂျပန်နိုင်ငံကို တန်ချိန် ၆၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ တရုတ်ကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက် တိုဘာလ ၅ ရက်နေ့အထိ နှမ်းပြည်ပတင်ပို့မှု စုစုပေါင်း တန်ချိန် ၅၁၀၀၀ ကျော်မှ ကန်ဒေါ်လာ ၈၁ သန်းကျော်ရရှိ ထား ရာ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၉၀၀၀ ကျော်၊ ကန်ဒေါ်လာ ၆၈ သန်းကျော်နဲ့ ယှဉ်ပါက တင်ပို့တဲ့ ပမာဏရော ရရှိတဲ့ ဝင်ငွေပါ ပိုမိုနေကြောင်း သိရပါတယ်။ MIRT - MAPT