အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ မူဆယ်နဲ့မြဝတီနယ်စပ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၉၄၉ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၂၇၁၆ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၈၅ သန်းတန်ဖိုးရှိ နှမ်းဖြူ အခွံ ချွတ် ၁၉၆ တန်ကျော်အပ့ိုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ၂၂၇ တန်ခန့် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်နှမ်း ရောင်စုံ တင်ပို့နိုင်မှုကို ကြည့်မယ်ဆိုလျှင် မူဆယ်မှ နှမ်းနက် ၁၅၈၂ တန်၊ နှမ်းဖြူ ၁၀၈၃ တန်၊ နှမ်းညို ၈ တန်ကျော်၊ နှမ်းဖြူအခွံချွတ် ၁၉၆ တန်ကျော်နဲ့ မြဝတီ မှ နှမ်းနီ ၃၇ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နှမ်းဈေးများမိမိဘက် မြေပြင်ဈေးအနည်းငယ်မျှလျော့နည်းလျက်ရှိတာကို ကုန်စည် ဒိုင် သတင်းကြေညာလွှာများအရ သိရပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၀၉၁၇၁၁ ၁၀၉၃၁၆၁ ၁၄၅၀ ၀ .၁၃ ၁၃၀၉ ၁၃၀၉ - -နှမ်းနက် ၁၁၈၄၅၄၉ ၁၁၈၆၁၂၂ ၁၅၇၃ ၀ .၁၃ ၁၄၂၀ ၁၄၂၁ - ၀ .၀၇MIRT (DOBT)