Main menu

Background

မလေးရှားအစိုးရမှ စားအုန်းဆီအခွန်ကို လျှော့ချလိုက်တဲ့အတွက် တစ်ပတ်အတွင်း ဈေးအမြင့်ဆုံးကိုရောက်ရှိလာ

Sun, 10/14/2012 - 09:00 -- Anonymous (not verified)

မလေးရှားနိုင်ငံအတွင်း စားအုန်းဆီသိုလှောင်မှုမြင့်တက်ပြီး၊ ပြည်ပ တင်ပို့မှု နည်းပေမဲ့ မလေးရှားအစိုးရက စားအုန်းဆီကြမ်းတင်ပို့ခွန်ကို လျှော့ချဖို့စီစဉ်ထား တာကြောင့် စားအုန်းဆီကြိုပွိုင့်ဈေးဟာ တစ်ပတ်ကျော်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အစိုးရက ပြည်ပတင်ပို့ခွန်နှုန်းလက်ရှိ ၂၃ ရာခိုင်နှုန်းရှိရာမှ လျှော့ချဖို့ အစီအစဉ်ကို အတည်ပြုထားပြီး လျှော့ချမယ့်ပမာဏကို ဒီတစ်ပတ်မှာ ပြန်ဆွေးနွေးမယ်လို့သိရပါတယ်။

အဲဒီလို အခွန်လျှော့ချခြင်းဟာ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်းတင်ပို့မှုကို မြှင့်တင်နိုင်မှာဖြစ်ပြီး စက်တင်ဘာလအတွင်း တန်ချိန် ၂ ဒသမ ၄၈ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့တဲ့ သိုလှောင်မှုကို လည်း လျော့ကျစေမှာ ဖြစ်ပါတယ်။ စားအုန်း ဆီ သိုလှောင်မှုမြင့်တက်နေတဲ့အတွက် လက်ရှိစားအုန်းဆီဈေးနဲ့ ပဲပုပ်ဆီဈေးအကြား ကွာဟမှုဟာ တစ်တန်ကန်ဒေါ်လာ ၃၅၀ ထိ မြင့်တက်နေတယ်လို့ဆိုပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဒီဇင်ဘာလအခြေခံစံနှုန်း စားအုန်းဆီဈေးဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ရင်းဂစ် ၂၅၂၃ (ကန်ဒေါ်လာ ၈၂၂) ဖြစ်ခဲ့လို့ အောက်တိုဘာလ ၁ ရက်နောက်ပိုင်း အမြင့်ဆုံးရှိခဲ့ပါတယ်။ အမေရိကားပဲပုပ်ထွက်ရှိမှုက ကနဦးခန့်မှန်းထားတဲ့ ပမာဏထက် ပိုမိုမယ်လို့ USDA  ရဲ့ ခန့်မှန်း အစီရင်ခံစာထွက်ပြီးနောက် ကုန်သည်များဟာ အောက်တိုဘာ လ ရောင်းလိုအားနဲ့ဝယ်လိုအား ကို စောင့်ကြည့်ေ နကြပါတယ်။ ပဲပုပ်အထွက်ပိုရင် ပဲပုပ်ဆီပိုမိုကြိတ်ခွဲလာမှာဖြစ်လို့ စားအုန်းဆီဝယ်လို အား လျော့ကျနိုင်ပါတယ်။ ဒါပေ မဲ့ စားအုန်းဆီထုတ်လုပ်မှုကျဆင်းတဲ့ကာလကို စတင်လာပြီဖြစ်လို့ သိုလှောင်မှုလျော့ လာနိုင်တယ်လို့ မလေးရှား OSK  ရင်းနှီးမြှုပ်နှံမှုဘဏ်မှ လေ့လာဆန်းစစ်သူ Alvin Tai   မှဆိုပါတယ်။ စတုတ္ထ ၄ လအတွင်းမှာ စားအုန်းဆီဈေး ပြန်ကောင်းလာနိုင်တယ်လို့လည်း ဆိုပါတယ်။ အခြားအသီး အရွက်ဆီဈေးကွက်မှာ ဒီဇင်ဘာလအတွက် အမေရိက ပဲပုပ်ဆီဈေးမှာ ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ ဇန်နဝါရီ ပဲပုပ်ဆီစာချုပ်ဈေးဟာလည်းသုညဒသမ ၂ ရာခိုင်နှုန်း ပိုမိုလာ တယ်လို့ သိရပါတယ်။ယုဇနSource: Reuters