ပွဲတော်ဝင်စ၊ ကောက်ညှင်းပေါ်စ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ငှက်သိုက်ကျေးရွာအုပ်စု၊ညောင် သာယာ ကျေးရွာမှ တောင်သူလယ်သမားကြီး ဦးချီချင်းစိန်၏လယ်မြေမှ ကောက်ညှင်း ယဉ် ခြောက်ဧကသည် ရင့်မှည့်ပြီဖြစ် သဖြင့် အောက်တိုဘာ ၈ ရက်တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်းသတင်း ရရှိသည်။
ရန်ကုန်-ပုသိမ် လမ်းမကြီးနံဘေး ထန်းတပင်မြို့နယ်၊ ငှက်သိုက်ကျေးရွာ အုပ်စု၊ ညောင်သာယာကျေးရွာ မှ တောင်သူလယ်သမားကြီး ဦးချီချင်းစိန် က "မိမိသည် ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွင်း မိုးစပါး ၃၃ ဒသမ ၂၅ ဧကအနက် တောင်ပျံ ရင် ၂၅ ဧက၊ ကောက်ညှင်းရင် ၈ ဒသမ ၂၅ ဧကစိုက်ပျိုးထားခဲ့ပြီး ယခု ကောက်ညှင်းရင် ခြောက်ဧကမှာ ရင့် မှည့်ပြီဖြစ်သဖြင့် အောက်တိုဘာ ၈ ရက်တွင် စတင်ရိတ်သိမ်းပြီး ခြွေလှေ့ ခဲ့ရာ တစ်ဧကပျမ်းမျှ ၅၇ တင်းခန့် ထွက်ရှိ၍ စပါးတင်း ၃၄၂ တင်းခန့်ရရှိ ကြောင်း ပြောကြားပါသည်။ထန်းတပင်မြို့နယ်သည် ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီ အတွင်း မိုးစပါးစိုက်ဧက ၉၂၉၈၈ စိုက် ပျိုးခဲ့ပြီး သက်တမ်းတိုသော ကောက် စောစပါးများ စတင်ထွက်ပေါ်လာနေ ပြီဖြစ်ကြောင်း သိရှိရသည်။လှအောင်-ထန်းတပင်
