Main menu

Background

၂၀၁၂-၂၀၁၃ မိုးစပါး ကောက်စော ရိတ်သိမ်းမှုနဲ့ ရာသီဥတုအခြေအနေ

Sun, 10/14/2012 - 10:40 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်အထိ မြို့နယ် ၁၄ ခု၊ ကျေးရွာအုပ်စု ၃၁ ခုမှ တောင်သူ ၅၃ ဦးဖြင့် စိုက်ဧက ၉၅ ဒသမ ၅၉ ဧက ရိတ်သိမ်းခဲ့ရာ ပျမ်းမျှအထွက်နှုန်း ၇၀ ဒသမ ၄၆ တင်းရရှိပြီး၊ အထွက်တင်း ၆၇၃၅ တင်းထွက်ရှိကြောင်း သိရပါတယ်။ ကန်ကြီးထောင့်မြို့နယ်မှာ အထွက်နှုန်း ၇၂ ဒသမ ၃၆တင်း၊ ကျုံပျော်မြို့နယ်မှာ အထွက်နှုန်း ၈၅တင်း၊ ရေကြည်မြို့နယ်မှာ အထွက်နှုန်း ၈၂ ဒသမ ၁၁၊ ကျောင်းကုန်းမြို့နယ်မှာ အထွက်တင်း ၇၅ ဒသမ ၃၅၊ မြန်အောင်မြို့နယ်မှာ အထွက်နှုန်း ၈၁၊  မြောင်းမြမြို့နယ်မှာ အထွက်နှုန်း ၆၃ ဒသမ ၈၆၊ မအူပင်မြို့နယ်မှာ အထွက်နှုန်း ၆၀ ဒသမ ၅၅၊  ပန်းတနော်မြို့နယ်မှာ အထွက်နှုန်း ၇၄ ဒသမ ၈၈၊ ညောင်တုန်းမြို့နယ်မှာ အထွက်နှုန်း ၇၂ ဒသမ ၅၀၊ ဓနုဖြူမြို့နယ်မှာ အထွက်နှုန်း ၇၄ ဒသမ ၂၅၊ ဖျာပုံ မြို့နယ်မှာ အထွက်နှုန်း ၇၀၊ ဘိုကလေးမြို့နယ်မှာ အထွက်နှုန်း ၄၅၊ ကျိုက်လတ်မြို့နယ်မှာ အထွက်နှုန်း ၅၂ တင်းနှုန်းထွက်ရှိကြောင်းသိရပါတယ်။ အများစုမှာ ၁ ဧက တင်း ၇၀ အထက်မှာ ထွက်ရှိတာတွေ့ရပါတယ်။ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်မှာဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ မိုးများအုံ့ဆိုင်းနေ လို့ အချို့မြို့နယ်များမှာ မိုးရွာသွန်းမှုဖြစ်ပေါ်လျက်ရှိရာ ယင်းအခြေအနေများကြောင့် ကောက်စောစပါးရိတ်သိမ်းနယ်လှေ့မှုများ တုံ့ဆိုင်းသွားပြီး စပါးအရည် အချင်းများလည်း ထိခိုက်နိုင်ပေမဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာမှာထွက်ပေါ်မယ့် စပါးအတွက် အောင်ရေရရှိလို့ စပါးများပိုမိုကောင်းမွန်နိုင်ကြောင်းသိရပါတယ်။ရီရီနိုင်ဝင်း