Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) အရောင်းအဝယ်ပါးပြီး ပဲစင်းငုံနီ အရောင်းအဝယ်အေးနေ

Sun, 10/14/2012 - 10:41 -- Anonymous (not verified)

ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ်  ပဲအရောင်းအဝယ်ပြု လုပ်လိုသော ပဲကုန်သည်ကြီးများ ပုံမှန်လာရောက်ကြပေ မယ့် မတ်ပဲ (RC)  ကို အိတ်စပို့ဝယ်လက်တွေက ဝယ်လိုအားအေးသွားတာ ကြောင့် ဈေးလည်းအေးပြီး အရောင်းအဝယ်ဖြစ်မှုလည်း နည်းခဲ့တယ် လို့ဆိုပါတယ်။ ဒီကာလမှာ အိန္ဒိယဘက်မှာလည်း မတ်ပဲသစ်ေ တွ ဈေးကွက်ထဲဝင်ရောက်နေတာ မို့ မြန်မာ့မတ်ပဲကို ဈေးကွက်အခြေအနေ ပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုေ တွရှိတာကြောင့် မတ်ပဲအရောင်း အဝယ်အေးသွားတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်း အဝယ်အနေနဲ့ တစ်တန်ကို ၅၁၅၀၀၀ ကျပ်ဈေးနဲ့ ၃၄၅ တန် ခန့်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ (RC) ကိုတော့ အိတ်စပို့အ ဝယ်အေးနေလို့ အရောင်းအဝယ်လည်း တန့်နေတယ်လို့သိရပါတယ်။