Main menu

Background

မန္တလေးဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကုလားပဲဈေးမြင့်ပြီး ပဲတီစိမ်းဈေးတန့်ကာ နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 10/14/2012 - 10:46 -- Anonymous (not verified)

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက် အဝယ်နည်းပေမယ့် ပဲခွဲစက်များကတော့ ဝယ်လိုအား ပုံမှန်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၆၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန် ဝယ်လက်က ပြည်ပဝယ်လိုအားအခြေအနေပေါ်မူတည်ပြီး တွက် ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၉၃၃ ကျပ်(တစ်တန်ကို ၅၇၁၃၅၉ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ ရန်ကုန်ဝယ် လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်မှုပမာဏ လည်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလား ပဲဖြူလုံးကြီး တစ်ပိဿာ ၉၅၂ ကျပ်(တစ်တန်ကို ၅၈၂၉၉၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာ ၁၀၃၁ ကျပ်(တစ်တန်ကို ၆၃၁၃၇၄ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကတက်မလာဘဲ ဈေး တန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၈ ကျပ်(တစ်တန်ကို ၅၉၈၉၁၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ နှမ်းမျိုး စုံထဲမှ နှမ်းနက်နဲ့ စမုံနှမ်းနက်တို့ကို တရုတ်အဆွဲသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက နှမ်းနက်တစ်ပိဿာ ၂၀၆၇ ကျပ်၊ စမုံနှမ်းနက်တစ် ပိဿာ ၂၄၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံပေါင်း တစ်ရက်ကို အိတ် ၁၆၀၀ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ နှမ်းဖြူ နဲ့နှမ်းညိုလည်း သူ့ဈေးနဲ့ သူအရောင်းအဝယ်ပုံမှန်ရှိခဲ့သလို ရောင်း သူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၁၃၃ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၇၃၃ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်းတစ်ရက်ကို အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။