ပြည်ဈေးကွက်မှာ မတ်ပဲကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံ မှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၇၅၀ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အ ပြင်ပဲစင်းငုံနီကို ရန်ကုန်အဆွဲရှိတဲ့နေ့မှာဆိုရင် အရောင်းအဝယ်ဖြစ် မှုများလာပြီး ရန်ကုန်အဆွဲနည်းတဲ့နေ့မှာဆိုရင် တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)ဈေးနဲ့ တစ် ပတ်အတွင်း အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်းပဲခွဲစက်တွေ က ဝယ်လိုအားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၀၅၀ ကျပ်(တစ်တန်ကို ၆၄၃၀၀၉ ကျပ်)ဈေး နဲ့တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။
Background