အတွင်းတိမ်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေး လျှော့ချနိုင်သည့် ဆေးတစ်မျိုး

အသက် (၆၅) နှစ်အထက် လူကြီး ပိုင်းများ၏ အမြင်ကွယ်မှုသည် အတွင်း တိမ်  ဖြစ်ပွားနိုင်ခြင်းကြောင့် မျက်စိ အမြင်ကွယ်ရခြင်းများဖြစ်ပွားနိုင်သည်။

အဆိုပါ အတွင်းတိမ်ရောဂါ ဖြစ်ပွား မှုကို ကြိုတင်ဟန့်တား ကာကွယ်နိုင် သည့်ဆေးတစ်မျိုးကို  သုတေသီများက စမ်းသပ်ဖော်ထုတ်  တွေ့ရှိခဲ့ကြောင်း CALPAIN THERA-PEUTIES   ဆေးဝါးလုပ်ငန်းဌာနနှင့်   အက်ဒီလိတ် တက္ကသိုလ်မှ သုတေသီများ  ပူးပေါင်း ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊   အဆိုပါ ဆေးသည်  အတွင်းတိမ်  ဖြစ်ပွားမှုကို တဖြည်းဖြည်း လျှော့ချစေနိုင်ကြောင်း သုတေသီများမှဆိုသည်။ မျက်စိမှ ရေ တံခွန်ကျနေသလို၊   မိုးသားတိမ်လွှာ ဖုံးအုပ်သလို ဖြစ်လာပါက  အတွင်း တိမ်ရောဂါဖြစ်ကာ မျက်စိအမြင် ကွယ် လာခြင်းဖြစ်သည်။ထိုအခါ ရေတံခွန်လို  အမှုန်အမွှား များအားခွဲစိတ်ကုသနည်းဖြင့်ထုတ်ပယ် ကာမျက်ကြည်လွှာ  အစားထိုးကုသမှု များ  ပြုလုပ်ခဲ့ကြသည်။  ယခုကဲ့သို့ အတွင်းတိမ်ဖြစ်ပွားမှုကိုလျှော့ချနိုင်သည့် ဆေးကိုဖော်ထုတ်တွေ့ရှိခဲ့ခြင်းကြောင့် မျက်ကြည်လွှာအစားထိုးမှု စောင့်ဆိုင်း နေရသူများ  အတွင်းတိမ်ဖြစ်ပွားသူများ အတွက် ယင်းဆေးကို  ဈေးသက်သာ စွာဖြင့် ဝယ်ယူနိုင်သည်။အရက်နှင့် ဆေးလိပ် အလွန်အကျွံ သောက်ခြင်း၊   မျက်လုံးထိခိုက်ခြင်း၊ နေရောင်ခြည်မှထုတ်လွှတ်သောခရမ်း လွန်ရောင်ခြည်ထိတွေ့မှုများခြင်း၊ စတီး ရွိက်ဆေးများ ကာလရှည်သုံးစွဲခြင်းနှင့် ဆီးချိုရောဂါရှိသူများတွင် အတွင်းတိမ် ရောဂါပိုမိုဖြစ်နိုင်ခြေများကြောင်း သိရသည်။