ကမ္ဘာပေါ်ရှိ ကလေးများ၏ ၁၀ ရာခိုင်နှုန်းမှာ အဝလွန်သူများဖြစ်နေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လေ့လာချက်အရ ကမ္ဘာတစ်ဝန်းရှိ သန်း တစ် ထောင့်တစ်ရာကျော်နှင့် ကလေးအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် သာမန် အလေး ချိန်ထက် ပိုနေကြောင်းသိရသည်။
နိုင်ငံတကာအဝလွန်သူများအဖွဲ့ (International Obesity Task Forces) ၏အဆိုအရ ကလေး ၁၅၅ သန်း (သို့မဟုတ်) ကျောင်းနေအရွယ် ကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် အဝလွန်နေသူများဖြစ်ကြသည်။ ယင်းတို့အနက် ကလေးငယ် ၃၀ မှ ၄၅ သန်းအထိသည် အန္တရာယ်ရှိနိုင်သော အဝလွန်သူများ ဖြစ်ကြ သည်။ လေ့လာချက်များအရအသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းကလေးများ၏ ၂ ဒသမ ၃ ရာခိုင်နှုန်းသည် အဝလွန်နေသူများဖြစ်သည်။ အသက် ၅ နှစ်အောက် ကလေး များတွင် ကလေး ၂၂ သန်းသည် အဝလွန်နေပြီး ယင်းတို့အနက် ၁၇ သန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရှိနေကြောင်း သိရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၁၅ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အဝလွန်သူ များသည် ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်ထားကြသည်။ အဝလွန်ခြင်း၏ နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေများမှုကြောင့် အစား အသောက်ပုံစံ၊ လူနေမှုပုံစံ၊ ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းများဖြင့် အဝလွန် ခြင်းကိုလျှော့ချကာ နေထိုင်သင့်သည်။
