ငယ်စဉ်က မိခင်နို့ ဝလင်စွာ သောက်သုံးခဲ့ရပါက အဝလွန်မှုနှင့် ဆီးချို သွေးချိုဖြစ်နိုင်ခြေ နည်းပါး

ငယ်စဉ်က မိခင်နို့  ၀၀လင်လင် သောက်သုံးခဲ့ရသည့် ကလေးငယ်များ ကြီးလာသည့်အခါ အဝလွန်မှုနှင့် ဆီးချို သွေးချိုရောဂါ ဖြစ်နိုင်ခြေအလွန်နည်း ပါးကြောင်း  ကလေးအထူးကုဆရာဝန် ကြီးများမှ သိရသည်။

ကလေးငယ်များမှာ (၃) နှစ်၊ (၉) နှစ်၊ (၁၀) နှစ်အရွယ် ကလေးများကို မိခင်နို့ ဝလင်စွာတိုက်ကျွေးပါက ဟော် မုန်းနှင့် အင်ဆူလင်ဓာတ် တိုးပွားမှုှုနှုန်း လျော့နည်းနေပြီး၊ လူတို့ ဖန်တီးထား သော နို့မှုန့်၊ နို့အတု တိုက်ကျွေး ခံရ သောကလေးများမှာ အသက်ကြီးချိန် ၌ အဝလွန်ခြင်း၊ ဆီးချိုသွေးချိုဖြစ်ခြင်း အခွင့်အလမ်း  ပိုများကြောင်း သိရပါ သည်။မိခင်နို့   သောက်သုံးခဲ့ရသော ကလေးငယ်များမှာ ဝမ်းနှင့် ရင်ခေါင်း ဆိုင်ရာရောဂါ၊ ရင်ကျပ်ပန်းနာရောဂါ၊ သတိမေ့လျော့သည့်တဲ့ရောဂါ၊ ဓာတ် မတည့်မှု စသည့်ရောဂါများကို ထိန်း ချုပ်နိုင်စွမ်းမရှိဘဲ အဆိုပါရောဂါများ ကို အလွယ်တကူ ဖြစ်စေနိုင်သော ကြောင့်  ကလေးငယ်များအား ငယ်စဉ် ကပင် မိခင်နို့ ဝလင်စွာ တိုက်ကျွေးထား သင့်ကြောင်း သိရသည်။