မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း (MFFVP) နဲ့ ကျွဲကောသီး စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ (PGG)တို့ ပူးပေါင်းကျင်းပ သော ကျွဲကောသီးပြပွဲ၊ ပြိုင်ပွဲနဲ့ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ ၇ ရက်နေ့ထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကား ကျေးရွာ၊ စိမ်းလဲ့တင်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနဲ့ ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်း ရောင်း၀ ယ်ရေး မှ အထွေထွေမန်နေဂျာနဲ့ မွန်/ကရင်ပြည်နယ်မန်နေဂျာ နဲ့ဝန်ထမ်းများ၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင် များ၊ အကဲ ဖြတ်ဒိုင်အဖွဲ့ဝင်များ၊ စာတမ်းဖတ်ကြားမယ့်ပညာရှင်များ၊ ကျွဲကောသီး စိုက်ပျိုးထုတ်လုပ်သူ ခြံရှင်များ နဲ့ စိတ်ပါ ဝင် စားသူများ စုစုပေါင်း ၁၈၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ် ပေးခဲ့ ပါတယ်။ဆက်လက်ပြီး မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နဲ့ ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း (MFFVP) ဥက္ကဌ ဦးစိုင်းဘဉာဏ်မှ အသင်းရဲ့ရည်ရွယ်ချက်နဲ့ အသင်း ဖြစ်ပေါ်လာပုံ၊ အသင်းရဲ့ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပညာရှင် ၄ ဦးမှ ကျွဲကောသီး စိုက်ပျိုးထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းချမှု၊ အမျိုးအစားအလိုက်သက်တမ်းနဲ့အထွက်နှုန်း အရည်အသွေး များ၊ မိမိဒေသနဲ့ကိုက်ညီသော မျိုးများစိုက်ပျိုးရေး၊ မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ မြေသြဇာကျွေးခြင်း၊ အသီး ချွေခြင်း၊ အိတ်စွပ်ခြင်း၊ ပိုးမွှားနှိမ်နှင်းခြင်း၊ အော်ဂဲနစ်စိုက်ပျိုး ခြင်း အကျိုးကျေးဇူးများ၊ ဓာတုဆေးဝါးသုံးစွဲခြင်းရဲ့ ဆိုးကျိုး များ အကြောင်း၊ အော်ဂဲနစ် ဓာတ်မြေသြဇာ ထုတ်လုပ်ပုံ အဆင့်ဆင့်တို့ကို စာတမ်း ဖတ်ကြားသွားကာ တက်ရောက် လာသူ ခြံရှင်များရဲ့မေးမြန်းချက်များကို အသီးသီးပြန်လည် ရှင်းလင်း ဖြေကြားသွားခဲ့ကြပါတယ်။ ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ ကျွဲကောစိုက်တောင်သူ ၃၂ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပန်းရောင်ကျွဲကောသီးအုပ်စုမှ ပထမဆုကို မော်လမြိုင်မြို့ မှ ဦးအေးသန်း၊ ဒုတိယဆုကို ပဲခူးမြို့မှ ဦးမြင့်စိန်၊ တတိယ ဆုကို တိုက်ကြီးမြို့မှ ဦးမြသွင်၊ နှစ်သိမ့်ဆုကို ကျိုက်ထိုမြို့မှ ဦးသန်းအေး၊ ဘီးလင်းမြို့မှ ဦးမြင့်သိန်းတို့ကလည်းကောင်း၊ ဒေသမျိုး အဖြူအုပ်စုတွင် ပထမဆုကို တိုက်ကြီးမြို့မှ ဦးခင်လှ အောင်၊ ဒုတိယဆုကို မော်လမြိုင်မြို့မှ ဦးလှသန်း၊ တတိယဆု ကို ပဲခူးမြို့မှ ဦးစိုင်းအောင်လင်း၊ နှစ်သိမ့်ဆုကို မော်လမြိုင်မြို့မှ ဦးစစ်ကဲ၊ ကျိုက်ထိုမြို့မှ ဦးအောင်တို့ကလည်းကောင်း၊ ပျား ရည် ကျွဲကောအုပ်စုတွင် ပထမဆုကို တိုက်ကြီးမြို့မှ ဦးမြသွင်၊ ဒုတိယဆုကို ပဲခူးမြို့မှ ဦးညီညီသီဟ၊ တတိယဆုကို ပဲခူးမြို့မှ ဦးနေထက်လင်း၊ နှစ်သိမ့်ဆုကို ကျိုက်ထိုမြို့မှ ဦးလှကြည်၊ ပဲခူးမြို့မှ ဦးစိုင်းအောင်လင်းတို့ကလည်းကောင်း၊ ဒေသမျိုး အခြားအုပ်စုတွင် ပထမဆုကို တိုက်ကြီးမြို့မှ ဦးမြသွင်၊ ဒုတိယဆုကို ရန်ကုန်မြို့မှ ဦးအောင်မြင့်၊ တတိယဆုကို ရန်ကုန်မြို့မှ ဦးကြည်လင်း၊ နှစ်သိမ့်ဆုကို ကျိုက်ထိုမြို့မှ ဒေါက်တာ ခင်ဆောင်၊ ဘီးလင်းမြို့မှ ဦးမြင့်သိန်းတို့က ရရှိခဲ့ ကြောင်း သိရပါတယ်။ အောင်လွင်-မွန်