Main menu

Background

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သင်တန်းဖွင့်လှစ်

Mon, 10/15/2012 - 07:41 -- Anonymous (not verified)

ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံ လုပ်ထုံးလုပ်နည်းဥပဒေများကို သိရှိစေရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သင်တန်းဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တော် ခန်းမမှာ အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်မြင့် တက်ရောက်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းနွဲ့မှ သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်အား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ သက်ဆိုင်တဲ့ဌာန အသီးသီးမှ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ခဲ့ကြပြီး သင်တန်းမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေများနဲ့ လုပ် ထုံးလုပ်နည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ပြည်တွင်းအခွန်များ စည်းကြပ်ခြင်းဆိုင်ရာ လုပ်ငန်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူး စီးပွားရေးဇုန် ဥပဒေများ၊ နိုင်ငံခြားသားပညာရှင်ခန့်ထားခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း၊ ကုမ္ပဏီများ မှတ်ပုံတင် ခြင်းဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံခြားသားပညာရှင်နေထိုင်ခွင့်ကိစ္စ၊ ရင်း နှီးမြှုပ်နှံမှုဆိုင်ရာ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းစတဲ့ ဘာသာ ရပ်များ ပို့ချမှာဖြစ်ကြောင်းသိရပါတယ်။ သင်တန်းကို ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်များနဲ့ သက်ဆိုင်ရာဌာနများမှ သင်တန်းသား၊ သူ ၁၂၃ ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ သုံးရက်ဖြစ်ကြောင်း သိရပါတယ်။                                                          DT  -ပဲခူး