Main menu

Background

ဆင်းရဲနွမ်းပါးသူများနဲ့ မဆင်းရဲမနွမ်းပါးသူများရဲ့ တူညီသောအချက်

Mon, 10/15/2012 - 07:40 -- Anonymous (not verified)

နိုင်ငံအဝှမ်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့  ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လုပ်ငန်းစဉ်ကြီး ရှစ်ရပ်ကို ကဏ္ဍများခွဲခြားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကအားဖြင့် လူဦးရေ နေထိုင်မှု အချိုးအစားများ တဲ့ ကျေးလက်ဒေသနေ ပြည်သူတွေကို လူမှုစီး ပွားဘ၀ တိုးတက်စေခြင်းအားဖြင့် ကျေးလက်ဒေသများမှာလည်း တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

 
စိုက်ပျိုးထုတ်လုပ်သူအများစုဖြစ်တဲ့ သူတို့တွေမှာ လိုအပ်နေ တဲ့ ငွေကြေးအရင်းအနှီး၊ သွင်းအားစုများဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုးကောင်းမျိုးသန့်များ၊ လယ်လုပ် ကိရိယာများ၊ သိပ္ပံနည်းကျအထွက်တိုး၊ အရည်အသွေးကောင်း စိုက်ပျိုးရေး နည်း ပညာရပ်များစတာတွေကို ကဏ္ဍအလိုက်ပံ့ပိုးပေးနေကြတာတွေ့ရပါ တယ်။ ဒီလိုပံ့ပိုးမှုတွေကို အတိအကျလိုက်နာတဲ့ ကျေးရွာသူရွာသား များနဲ့ မိမိဘဝ၊ မိမိရဲ့မိသားစုအတွက် ရေရှည်မျှော်မှန်းတတ်တဲ့ တောင်သူများအတွက်တော့ ထိရောက်တဲ့ပံ့ပိုးမှုတွေဖြစ်ကြမှာပါ။ ပံ့ပိုး တဲ့နိုင်ငံတော်လည်း ပံ့ပိုးရကျိုးနပ်အောင် မိမိရဲ့လူမှုစီးပွားဘဝလည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိကိုယ်တိုင်မှာပင် အသိပညာများ ခံယူကျင့်သုံးပြီး ဖြစ်ရပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးသူများကို ပံ့ပိုးကူညီတဲ့နေရာမှာ ဖော်ပြပါလုပ်ငန်းများအပြင် အသိပညာ၊ ဗဟု သုတ၊ ဆောင်ရန်ရှောင်ရန်များပါ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း တင်ပြရခြင်းဖြစ်ပါတယ်။ နိုင်ငံတော်က အရင်းအနှီးပြုလုပ်ဖို့အတွက် ရည်ရွယ်ပြီး ငွေကြေးပံ့ပိုးလိုက်တာဖြစ်ပေမဲ့  လက်ထဲ ငွေရောက်လာတာနဲ့ အရက်ဆိုင် အရင်ဝင်ထိုင်ပြီး ဘယ်လိုသုံးရင် ကောင်းမလဲလို့ စီမံ ချက်ချတာနဲ့ အရက်ဖိုးငွေက ပွန်းသွားပါပြီ။ ပြီးရင် ဝါသနာအရ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လောင်းကစားတွေမှာ သွားတတ်၊ ပွားတတ် ကြပါတယ်။ အချို့ကလည်း နတ်မိမယ်များ ကျက်စားတတ်တဲ့ သူ ယောင်တောမှာ ခဏတစ်ဖြုတ်ဝင်အနားယူတတ်ကြပါတယ်။ ဒါတွေ ဟာ ငွေလက်ထဲရောက်လာရင် အသုံးလား၊ အဖြုန်းလားဆိုတာ မဝေခွဲတတ်တဲ့ အသိပညာချို့တဲ့တာပါပဲ။ပြီးသွင်းအားစုတွေ ရလာပြီဆိုပါတော့။ ဘယ်အချိန်၊ ဘယ်လို၊ ဘယ်အချိုးအစား အသုံးပြုရမယ်၊ ဓာတ်မြေသြဇာတွေရဲ့ ကောင်း ကျိုး၊ ဆိုးပြစ်၊ ပိုးသတ်ဆေးတွေရဲ့ ပတ်ဝန်းကျင်ကျန်းမာရေးထိခိုက်မှု၊ သက်တမ်း၊ ကာကွယ်မှု၊ ဆောင်ရန် ရှောင်ရန်များ၊ မျိုးကောင်းမျိုး သန့်တွေရဲ့ ညွှန်ကြားချက်အတိုင်း ပျိုးထောင်၊ ထိန်းသိမ်း၊ စိုက်ပျိုးမှု၊ သိပ္ပံနည်းကျ စိုက်စနစ်များရဲ့ အတိအကျလိုက်နာရန် လိုအပ်မှု၊ ချိန် သားကိုက် ရေသွင်းရေထုတ် ဆောင်ရွက်မှုများအား အသိပညာ၊ နည်းပညာများအနေနဲ့ ခံယူကျင့်သုံးနေ ရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဆိုတာ ရာသီဥတုဆိုတဲ့  သဘာဝတရားပေါ်မှာ မူတည်နေတော့ လိုအပ်တဲ့အချိန်မှာ မိုးခေါင်ခြင်း၊ ရေမလိုအပ်တဲ့ အခါမှာ ရေကြီးခြင်းဆိုတာတွေများ မဆိုစကောင်း ကြုံလာခဲ့ရင် မိသားစုအတွက် ဒုတိယဝင်ငွေရလမ်းဖြစ်တဲ့ တစ်နိုင်တစ်ပိုင်မွေးမြူ ရေးလုပ်ငန်း၊ အသေးစား၊ ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ထားခြင်းဖြင့် အရံဝင်ငွေများရှိနိုင်ပါတယ်။ အဲဒီလုပ်ငန်းတွေအတွက် လည်း နိုင်ငံတော်မှ ကဏ္ဍအလိုက် ငွေကြေးအရင်းအနှီးနဲ့ နည်းပညာ ပံ့ပိုးပေးလျက်ရှိပါတယ်။ အလားတူ သူတို့မှာလည်း အဓိကကျတာ ကတော့ အသိပညာဗဟုသုတများ ကူညီပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ အဲဒီလိုကျေးလက်ဒေသမှာ ရှိတဲ့ ပြည်သူတွေကို သူတို့ရဲ့လုပ်ငန်းများ မတည်ဖို့၊ ထူထောင်ဖို့၊ ပွားများဖို့လိုအပ်ချက်များနဲ့အတူ အသိပညာ များပံ့ပိုးပေးလိုက်ရင်တော့ မျှော်မှန်းထားတဲ့ ကာလများထက်အချိန် စောပြီး ဆင်းရဲမှုရာခိုင်နှုန်းတွေလျော့ပါးလာမှာ ဧကန်ဖြစ်ပါတယ်။ဒါဆိုရင် ဆင်းရဲနွမ်းပါးသူတွေရဲ့ ဟိုဘက်ခြမ်းမှာ ရှိကြကဲ့ မဆင်းရဲမနွမ်းပါးသူများကိုကော အပံ့ပိုးရလွတ်ပြီလား၊ အဘက် ဘက်က ပြည့်စုံနေပြီလားလို့ မေးစရာဖြစ်လာပါတယ်။ သူတို့ထဲက အချို့အချို့ဟာ ဥစ္စာဓနအလျှံပယ် ပြည့်စုံကြပါတယ်။ အချို့ဟာ လုပ်ငန်းရှင်ကြီးများ ဖြစ်ကြပါတယ်။ အချို့ဟာ ပညာတတ်ကြီး များလည်းဖြစ်နေကြပါတယ်။ ဒါပေမဲ့ သူတို့လုပ်နေကြတဲ့ အချို့လုပ် ငန်းတွေမှာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ခံယူချက်နဲ့ ဆောင်ရွက်နေကြတာ မြင်တွေ့နေရတော့ သူတို့သူတို့ဟာလည်း  အသိပညာ၊ ဗဟုသုတ၊ ကိုယ်ချင်းစာတရားများ ဆင်းရဲချို့တဲ့နေကြ သူများအဖြစ် ကြည့်မြင်နိုင်ပါတယ်။ များသောအားဖြင့် ကိုယ့်ကိုကိုယ် အသိပညာ ဆင်းရဲချို့တဲ့သူများဖြစ်မှန်းမသိ ဖြစ်နေကြတာ တွေ့ရ ပါတယ်။ စာနာခြင်းတရားများ ကင်းကွာနေတာတွေ့ရပါတယ်။ -    စည်းကမ်းဥပဒေတွေ အတိအကျထုတ်ပြန်ထားပေမဲ့ မိမိနဲ့ မဆိုင်သလို လက်တစ်လုံးခြား မလိမ့်တစ်ပတ်ရှောင်တိမ်း နေကြတဲ့ အချို့အချို့သော မဆင်းရဲမနွမ်းပါးသူများ၊ -    မိမိအကျိုးစီးပွားကိုသာ ဦးစားပေး၊ ရှေ့တန်းတင်ပြီး စားသုံး သူတွေ၊ သုံးစွဲသူတွေရဲ့ ရှေ့ရေး၊ ကျန်းမာရေးတွေကို မျက် ကွယ်ပြုတတ်ကြတဲ့ အချို့ အချို့သော မဆင်းရဲမနွမ်းပါး သူများ၊ -    မိမိရဲ့လုပ်ငန်းတိုးတက်ဖြစ်မြောက်ရေးကိုသာ ဦးစားပေးတတ် ပြီး နောင်အနာဂတ်မှာ ပျက်ယွင်းသွားမဲ့ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်အောင်ပြုနေကြတဲ့ အချို့အချို့သော မဆင်း ရဲမနွမ်းပါးသူများ၊ -    ကိစ္စမရှိပါဘူး၊ ရပါတယ်။  အေးဆေးပါဆိုပြီး၊ အရင်ခေတ်၊ နှစ်အတိုင်း မပြောင်းလဲသေးတဲ့ အချို့အချို့သော မဆင်းရဲ မနွမ်းပါးသူများ၊ -    ဟိုအရင်ကလည်း ဒီလိုပဲ၊ ထုံးစံအတိုင်း၊ လုပ်ရိုးလုပ်စဉ် အတိုင်းဆိုပြီး တစ်နိုင်ငံလုံးပြုပြင်ပြောင်းလဲနေရာမှာ ]နေမြဲ} ဖြစ်နေတဲ့ အချို့အချို့သော မဆင်းရဲမနွမ်းပါးသူများ၊ -    အများပြည်သူရဲ့ အကျိုးစီးပွားကို ဒိဋ္ဌလက်ငင်း၊ မျက်မြင်၊ ချက်ချင်း တိုက်ရိုက်မထိခိုက်သေးပေမဲ့ မသိနားမလည်မှု၊ ခေတ်မမီ မဖွံ့ဖြိုးသေးမှုကို အခွင့်ကောင်းယူပြီး ရေနစ်သူကို ဝါးကူထိုးချကြတဲ့ အချို့အချို့သော မဆင်းရဲမနွမ်းပါးသူများ၊ -    အခွင့်အရေး၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို တစ်လွဲသုံးပြီး မြေနိမ့်ရာလှံစိုက်ချင်ကြတဲ့ အချို့ အချို့သော မဆင်းရဲ မနွမ်းပါးသူများ၊ -    နိုင်ငံတော်နဲ့ ပြည်သူက သင်ကြားပေးတဲ့ အတတ်ပညာနဲ့ အစစအရာရာ ချို့တဲ့သူများအပေါ် ပညာရပ်ကြေး မတန် တဆယူနေကြတဲ့ ပညာရှင်ဆိုတဲ့ အချို့အချို့သော မဆင်းရဲ မနွမ်းပါးသူများ၊ -    ---------------------------------------------
အချို့အချို့သော မဆင်းရဲမနွမ်းပါးသူများ -    --------------------------------------------- အချို့အချို့သော မဆင်းရဲမနွမ်းပါးသူများ -    --------------------------------------------- အချို့အချို့သော မဆင်းရဲမနွမ်းပါးသူများစာရေးသူအနေနဲ့ မိမိဘဝတစ်လျှောက်၊ မိမိဘဝပတ်ဝန်းကျင် မှာ ထိသိသမျှကိုသာ အုပ်စုဖွဲ့ခြုံငုံဖော်ပြ ထားခြင်းဖြစ်ပြီး၊ စာဖတ်သူ များအနေနဲ့ ဆက်လက်ဖြည့်စွက်ရန် ကွက်လပ်များ ချန်ထားပေးထား ပါတယ်။ လိုအပ်သလို သတိရသလို ဖြည့်စွက်ကြပါကုန် ....။ဆင်းရဲနွမ်းပါးသူများကို နိုင်ငံတော်မှ အဘက်ဘက်က ပံ့ပိုး ထောက်ပံ့ပေးနေသလို ဖော်ပြပါအချို့အချို့သော မဆင်းရဲမနွမ်းပါး သူများအတွက် အသိပညာများဖြန့်ဝေခြင်း၊ ဗဟုသုတများဖြန့်ဖြူး ခြင်း၊ လောဘမောဟများကို ဟန့်တားခြင်း၊ ကိုယ်ကျိုးစီးပွားဆိုတာ အမြဲတန်းရှေ့တန်းတင် ဦးစားမပေးထိုက်ကြောင်းစတဲ့ အသိပညာ များ ပို့ချပေးသင့်ပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဆိုတာ များလည်းရှိမှသာ လောကပါလတရားနဲ့ အညီ လောကကို အလှဆင် သူများတိုးပွားမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။မောင်မောင်အေး-လွိုင်ကော်