Main menu

Background

ရွှေဖြစ်တော့မည့် ချင်းရွှေဟော်

Mon, 10/15/2012 - 07:42 -- Anonymous (not verified)

မြန်မာတို့ရဲ့ စားဖိုဆောင်သီးနှံအမျိုးမျိုးမှ သီးနှံတစ်မျိုး ဖြစ်တဲ့ ရွှေဖရုံသီးကို မိမိဒေသအတွင်း စိုက်ပျိုးကြကာ စားသုံး မှု ပိုလျှံတဲ့အတွက် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချ လျက် ရှိပါ တယ်။ ယခုနှစ်မှာလည်း ရှမ်းပြည်နယ် ကွမ်းလုံမြို့နယ် နမ့်ဟူး၊ ကောင်းကျဲ၊ ဟိုလီကျေးရွာများနဲ့ ဟိုပန်မြို့နယ်၊ ချင်းရွှေ ဟော်မြို့နယ်များမှာ စိုက်ပျိုးလျက်ရှိကြပါတယ်။ ရွှေ ဖရုံသီး ၁ တန်လျှင် ကျပ် ၂ သိန်းကျော် ရရှိကြောင်း ဖရုံစိုက်ပျိုး သူ တောင်သူတစ်ဦးထံမှ သိရှိရပါတယ်။ မိမိဘက်မှာ ဖရုံသီး စိုက်ပျိုးထွက်ရှိတဲ့ရာသီ မှာ ဆောင်းရာသီဖြစ်ပါတယ်။ တရုတ် နိုင်ငံအတွင်း အအေးဓာတ်လွန်ကဲတဲ့အချိန် ဖြစ်နေတာ ကြောင့် သီးနှံစိုက်ပျိုးရန်ခက်ခဲတဲ့ ရှန်ဟိုင်းကဲ့သို့မြို့ကြီးများကို ဈေးကွက်ရှာ တင်ပို့ခဲ့တာလို့ သိရပါတယ်။ ယခုနှစ်မှာလည်း ရွှေဖရုံသီး တန်ချိန် ၃ သောင်းကျော် တင်ပို့နိုင်ရေး ကြိုးစား လျက်ရှိတယ်လို့ သိရပါတယ်။ ရွှေဖရုံသီးတင်ပို့ခြင်းကို တရုတ် ပြည်မကြီးအပြင် ဥရောပဈေးကွက်သို့  ထိုးဖောက် တင်ပို့ သွားမှာ ဖြစ်ပါတယ်။ ယခုအောက်တိုဘာလတွင် စတင် စိုက်ပျိုးတဲ့ရွှေဖရုံသီးမှာ လာမဲ့ဇန်နဝါရီလ မှာ ထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ ဈေးကွက်ကြိုတင်ရှာဖွေလျက် ရှိပြီး တောင်သူ များစိုက်ပျိုးထွက်ရှိသမျှဝယ် ယူပြီး ဈေးကွက်ကိုတင်ပို့မှာ ဖြစ်ကြောင်း၊ ကွမ်းလုံအခြေစိုက် ရွှေကွမ်းလုံကုမ္ပဏီမန်နေဂျာ က ရှင်းပြပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း မှ ရွှေဖရုံသီးများကို မကြာမီ တင်ပို့တော့မှာဖြစ်ရာ "ရွှေဖြစ်တော့ မည့် ချင်းရွှေဟော်'' လို့သာ တင်စားလိုက်ရ ပါတော့တယ်။အိုပါး (ချင်းရွှေဟော်)