Main menu

Background

တရုတ်နယ်စပ်မှ ရေထွက်ကုန် တင်ပို့မှု ပိုမို

Mon, 10/15/2012 - 07:43 -- Anonymous (not verified)

အောက်တိုဘာလ ၃ ရက်မှ ၉ ရက်အထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ ရေထွက်ကုန်တင်ပို့မှု ယခင်အပတ်ထက် ပိုမို လျက်ရှိပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ရေ ထွက်ကုန်အပို့ရှိပြီး ချင်းရွှေဟော်မှဆောင်ရွက်မှုမရှိခဲ့ပါဘူး။ ယခုအပတ်မှာ တရုတ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၈၆၈ သန်းတန်ဖိုးရှိ ရေထွက်ကုန် တန် ၁၀၂၀ ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်က ထက် ၅၉၄ တန်ခန့် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရေထွက်ကုန်တင်ပို့နိုင်မှု တွေကတော့ မူဆယ်နယ်စပ်မှ ငါးရှဉ့် ၂၄၈ တန်ကျော်၊ ရေခဲငါး တန် ၁၃၀ ကျော်၊ ကဏန်း ၇၈ တန်ခန့်၊ ရေငန်ပုစွန် ၄၁ တန်၊ ငါးအသားလွှာ ၅၇ တန်ခန့်၊ ပုစွန်ခြောက် ၅ တန် ဝန်းကျင်နဲ့ ငါးစည်ဖေါင်း သုည ဒသမ ၂ တန်ခန့်ဖြစ်ပါ တယ်။ ယခင်အပတ်ကထက် ငါးရှဉ့် တန် ၁၁၀ ဝန်းကျင်ပိုမို ခဲ့ပြီး ကဏန်း (အရှင်) ၂၁ တန်ခန့်အပို့လျော့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ငါးရှဉ့် တန် ၃၀၀ ကျော်နဲ့ ကဏန်း ၁၅၈ တန်ကျော်အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ငါးရှဉ့် ၄၁၁ တန်ကျော်နဲ့ ကဏန်း ၅၉ တန်ကျော်အပို့ပိုခဲ့ တာဖြစ်ပါတယ်။ ယခုအပတ်မိမိဖက်လေလံဈေးများဟာ ယခင်အပတ် ထက် ကဏန်းဈေး ၃၈ ရာခိုင်နှုန်းနဲ့ ငါးရှဉ့်ဈေး ၁၅ မှ ၁၈ ရာခိုင်နှုန်းထိ လျော့ကျခဲ့ပါတယ်။ ယခုအပတ် ငါးရှဉ့်နဲ့ ကဏန်းဈေးများကိုဖော်ပြပေးလိုက်ရပါတယ် - ကျပ်/ တန်      ယခင်အပတ်ဈေးထက် လျော့နည်းမှု ရာခိုင်နှုန်း(%) ငါးရှဉ့်         ၉ စမ အထက်    ၂၉၈၂၀၀၀          ၃၈ ၃ စမ အထက်     ၁၅၁၂၀၀၀        ၃၈ကဏန်း             ၂၅၀ ဂရမ်အထက်    ၂၂၂၆၀၀၀    ၁၅ ၂၀၀-၂၅၀ ဂရမ်        ၂၀၅၈၀၀၀    ၁၆ ၁၅၀-၂၀၀ ဂရမ်       ၁၈၉၀၀၀၀    ၁၇ ၁၀၀-၁၅၀ ဂရမ်       ၁၇၆၄၀၀၀    ၁၈MIRT(DOBT)