နိုင်ငံတော်မှ များစွာဖြေလျော့ပေးနေခြင်းအပေါ် ကုန်သည်လုပ်ငန်းရှင် များအားလုံးသိရှိကြပြီးဖြစ်သလို လက်တွေ့မှာလည်းအကျိုးခံစားနေကြရကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့ပေးချိန်မှာ မိမိတို့ဘက်ကလည်း နိုင်ငံကြီး သားပီသစွာ နိုင်ငံတော်ကိုပေးဆောင်ရမဲ့အခွန်အခများကိုပေးဆောင်သွားမှာဖြစ်ကြောင်း မြဝတီနယ်စပ် ကုန်သည် အသင်းဥက္ကဌဒေါ်သင်းသင်းမြတ်က မြဝတီကုန် သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ အောက်တိုဘာလ ၂ ရက်နေ့ကပြုလုပ်တဲ့ ကုန်သွယ်မှု လျာထားချက်ပြည့်မီကျော်လွန်ရေးအစည်းအဝေးမှာ ပြောကြား ခဲ့တာဖြစ်ပါတယ်။ မိမိတို့ တရားဝင်လမ်းကြောင်းမှသွားပြီး အကျိုးအမြတ် ခံစား ရနေချိန်မှာ တရားမဝင် လမ်းကြောင်းက သွားလာနေသူများကို နားလည် သဘောပေါက်အောင် ရှင်းပြပြီး တရားဝင်လမ်းကြောင်းပေါ်သို့ရောက်ရှိ လာစေရေးစည်းရုံးတိုက်တွန်း လျက်ရှိကြောင်းနဲ့ နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲမှု များအပေါ် အမျိုးသားရေး စိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ပူးပေါင်း ဆောင် ရွက်သွားမယ်လို့ လည်း ဒေါ်သင်းသင်းမြတ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးမြင့်တင် ကလည်း ကုန်သည် လုပ်ငန်းရှင်များဟာ နိုင်ငံတော် အစိုးရက ဖြေလျော့ပေးမှုများကို လက်တွေ့ ခံစားနေကြရတာဖြစ်ကြောင်း၊ ဒါကြောင့်တရားမဝင်လမ်းကြောင်းမှ သွား လာနေသူများရှိပါက တရားဝင်လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေး၊ မိသားစု စိတ်ဓာတ်/မိတ်ဆွေကောင်း စိတ်ဓာတ်များနဲ့ အသိပေးရှင်းလင်းပြောပြရန် လိုအပ်ကြောင်း၊ မိမိစီးပွားရေးတစ်ခုတည်းအတွက်နစ်မြုပ်မလုပ်ဘဲ မိမိတို့ဒေသ တိုးတက်ရေးအတွက် ဘာတွေပြုပြင်ပြောင်းလဲလုပ်သင့်သည်ကိုပါမြင်အောင် ကြည့်ဖို့လိုကြောင်း၊ ဌာနဆိုင်ရာပိုင်း တင်ပြလိုသည်များ၊ အကြံပြုလိုသည်များရှိ က ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစန်းလွင် ကလည်း နိုင်ငံတော်အစိုးရမှ ကုန်သွယ်မှုအဟန့်အတားများဖြေ လျော့ ပေးနေကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်ရာမှာ အရည်အသွေး၊ စံချိန်စံညွှန်းအာမခံချက်ရှိတဲ့ ကုန်ပစ္စည်း များကို တင်ပို့တင်သွင်းနိုင်မှသာ ရေရှည်ခိုင်မြဲတဲ့ဈေးကွက်ကို ပိုင်ဆိုင်ထား နိုင်မှာဖြစ်ပြီး စားသုံးသူအကျိုး၊ ကုမ္ပဏီ လုပ်ငန်းရှင်အကျိုး၊ နိုင်ငံအကျိုး အကျိုး သုံးကျိုး ရလာဒ်ကောင်းများရရှိခံစားနိုင်မှာဖြစ်ကြောင်းနဲ့ တရားမဝင် ကုန် သွယ်မှုများကြောင့် နိုင်ငံတော်မှ အခွန်အခများ နစ်နာဆုံးရှုံးစေလျက် ရှိပြီး တရားဝင်ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေတဲ့အတွက် တရားမဝင်ကုန်သွယ်မှု လျော့နည်း ပပျောက်စေရေး၊ ကုန်သည်လုပ်ငန်းရှင်များ အနေနဲ့ နိုင်ငံကြီးသား စိတ်ဓာတ်နဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် အသိပေး ပြော ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။Source: နကသ(မြဝတီ) MIRT (DOBT)