Main menu

Background

မြိတ်နဲ့ ကော့သောင်း နယ်စပ်များမှ ရေထွက်ကုန် တင်ပို့မှု ပိုမို ဆောင်ရွက်နိုင်

Mon, 10/15/2012 - 07:51 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နဲ့ ကော့သောင်းနယ်စပ်များမှ အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ ရေထွက်ကုန်တင်ပို့မှုဟာ ယခင်အပတ် တင်ပို့မှုထက် ပိုမိုခဲ့တာတွေ့ရပါတယ်။ ကော့သောင်းမှ ၉၃၇ တန်ကျော်နဲ့ မြိတ်မှ ၇၄ တန်ကျော် အပို့ပိုခဲ့တာဖြစ်ပါတယ်။ ကော့သောင်းနယ်စပ်မှာ ယခင်အပတ်က ငါးမျိုးစုံနဲ့ ကင်းမွန်သာအပို့ရှိခဲ့သော်လည်း ယခုအပတ်မှာ ငါးဆားနယ်၊ ကဏန်းနဲ့ ကင်းမွန်များပါ အပို့ရှိခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ယခင် အပတ်လောက် အမယ် မစုံသော်လည်း ငါးမှုန့်  (Value Added)  တင်ပို့မှုပမာဏ ၈ ဆကျော် ခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ရှိ စခန်းအလိုက်ရေထွက်ကုန် တင်ပို့မှုတွေကို ကြည့်မယ်ဆိုလျှင် မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၇ တန်ကျော်၊ ပုစွန် ၂ တန်ကျော်၊ ကဏန်း ၃ တန်ခွဲနဲ့ ငါးရှဉ့် ၁ တန်ကျော် အပို့ ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၅၃ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၉၂၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၂၂၁ တန်ကျော်၊ ငါးစည်ဖောင်း ၂ တန်ကျော်၊ ငါးဆားနယ် ၅၆ တန်ခန့်၊ ကဏန်းသုညဒသမ ၆၄၀ တန်နဲ့ ကင်းမွန် ၇ ဒသမ ၇၅ တန် အပို့ရှိခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၀၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၉၆၃ တန်ခန့်၊ ရေငန်ပုစွန် ၂၄ တန်၊ ကဏန်းအသေး (အသေ) ၅ တန်ကျော်နဲ့ ငါးမှုန့် တန် ၃၈၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနယ်စပ်တစ်ခုလုံးရဲ့ ရေထွက်ကုန် တင်ပို့မှုဟာ တန်ချိန်အားဖြင့် ၃၆၇၃ တန်ကျော်ရှိရာ ယခင်အပတ်ထက် ၉၅၉ တန်ကျော် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)