Main menu

Background

၂၀၁၂ ခုနှစ်၊ ပထမ ၉ လတာ ကာလမှာ ပင်လယ်ရေကြောင်းမှ ပြောင်းဖူးစေ့ တန် ၂၃၉၀၀ တင်ပို့ပြီး ဖြစ်

Mon, 10/15/2012 - 07:58 -- Anonymous (not verified)

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်ထိကာလ အတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၇ ဒသမ ၂၂၆ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၃၈၄၅ တန်နဲ့ ပြောင်းဖူးမှုန့် ၅၅ တန်ကို အပို့ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကိုကြည့်မယ်ဆိုလျှင် အိန္ဒိယသို့ ၉၁၈ တန်၊ အင်ဒိုနီးရှားသို့ ၁၆၄၈ တန်၊ မလေးရှားသို့ ပြောင်းဖူးစေ့ တန် ၁၂၀ နဲ့ ပြောင်းဖူးမှုန့် ၅၅ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၆၀၉၆ တန် ကျော်၊ ပိုလန်သို့ ၆၂၅ တန်၊ စင်္ကာပူသို့ ၉၃၈၉ တန်နဲ့ ဗီယက်နမ်နိုင်ငံသို့ ၅၀၄၆ တန်ကျော် အသီးသီးဖြစ် ပါတယ်။ အောက်တိုဘာလ ပထမအပတ်အတွင်းမှာ ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိခဲ့ပါ ဘူး။ ပြောင်းတစ်တန်လျှင် FOB ဈေးမှာ ဒေါ်လာ ၂၆၀ မှ ၂၈၀ ဖြစ်ပါတယ်။                            CMK