ပြည်တွင်းသကြားဈေးကွက်ကို ကာကွယ်ဖို့ ပြည်ပမှ သကြားတင်သွင်းမှု အပေါ် အခွန်ကောက်ခံမှုကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံဖို့ အိန္ဒိယ သကြားလုပ်ငန်းရှင်တွေက အစိုးရကို တောင်းဆိုထား ကြောင်း သိရတယ်။
လောလောဆယ် ပြည်တွင်းသကြား လက်လီဈေးနှုန်းမှာ တစ်ကီလိုကို ၄၀ ရူပီးဖြစ်ရာတင်သွင်းမှုကိုသာ ကန့်သတ်ချက်တွေ လုပ်မထားရင် တစ်ကီလိုကို ၃၂ ရူပီးအထိ ဈေးကျသွားနိုင်ကြောင်း၊ ၎င်း တန်ဖိုးက ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ကို လျော့နည်းကြောင်း သကြားလုပ်ငန်းရှင်တွေကဆိုကြတယ်။ ဈေးနှုန်းကျဆင်း ခြင်းက စားသုံးသူတွေအတွက် အကျိုးအမြတ်ရှိသော်လည်း ထုတ်လုပ်သူတွေ အတွက် အရှုံးကိုဖြစ်စေကြောင်း၊ နိုင်ငံတကာ သကြားဈေးနှုန်းတွေကလည်း လွန်ခဲ့တဲ့ နှစ်လကတည်းက သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ ဘရာဇီးလ်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နဲ့ ရုရှားတို့မှာ သကြားထုတ်လုပ်မှုမြင့်မားခြင်းကြောင့် ဈေးနှုန်း ကျဆင်းခဲ့ကြောင်း အိန္ဒိယ သကြားလုပ်ငန်းရှင်တွေက ဆိုကြတယ်။ လောလောဆယ် ဘရာဇီးလ်သကြားကြမ်းဈေးနှုန်းမှာ တစ်တန်ကို ကန် ဒေါ်လာ ၅၀၀ ဝန်းကျင်မှာ ရှိသော်လည်း အိန္ဒိယပြည်တွင်းသကြားဖြူဈေးနှုန်းမှာ လွန်ခဲ့တဲ့ ၃ လအတွင်း ၂၅ ရာခိုင်နှုန်းဝန်းကျင် မြင့်မားခဲ့ပြီး တစ်တန်ကို ၆၈၀ ဒေါ်လာအထိ ရောက်ရှိခဲ့ရာ ပြည်ပမှ ဝယ်ယူ တင်သွင်းမှုက အကျိုးအမြတ် ပိုမို ရလျက်ရှိကြောင်း သိရတယ်။ Source:ximguru.com,ပပ