Main menu

Background

ပင်လယ်ရေကြောင်းမှ ရော်ဘာတန် ၂၃၀ ကျော် အပို့ရှိ

Mon, 10/15/2012 - 08:03 -- Anonymous (not verified)

စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၅၉၁ သန်းတန်ဖိုးရှိ ရော်ဘာ ၂၃၄ တန်ကျော်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနဲ့ တရုတ်နိုင်ငံသို့ အပို့ရှိခဲ့ပါတယ်။ မလေးရှားသို့ RSS-3 တန် ၄၀ နဲ့ တရုတ်သို့  MSR-20 ၁၉၄ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကတော့ တရုတ်နိုင်ငံသို့ MSR-20 ၁၉၄ တန်ကျော်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၄၀ အပို့ပိုခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတကာရော်ဘာ ပေါက်ဈေးမှာ ကျရိပ်ရှိနေသော်လည်း ပြည်ပသို့တင်ပို့မဲ့ FOB ရော်ဘာဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိပါဘူး လို့ သိရပါတယ်။RSS-1 ၁ တန်ဒေါ်လာ၂၈၅၀ မှ ၂၉၅၀၊ RSS-3 နဲ့ MSR-20  ၁ တန် ဒေါ်လာ ၂၇၅၀-၂၈၅၀၊ RSS-5 နဲ့  MSR-50  ၁ တန် ဒေါ်လာ ၂၆၅၀-၂၇၅၀ နဲ့ Crepe Rubber ၁ တန်ကို ဒေါ်လာ ၂၆၀၀ မှ ၂၇၅၀ ဈေးနဲ့ ပြည်ပ သို့တင်ပို့နိုင်ကြတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သတင်းရရှိပါတယ်။                       CMK