Main menu

Background

ထိုင်း၊ အင်ဒိုနီးရှားတို့နဲ့ မလေးရှားပူးပေါင်းပြီး ရော်ဘာဈေးနှုန်းတည်ငြိမ်ရန် ဆောင်ရွက်

Mon, 10/15/2012 - 08:04 -- Anonymous (not verified)

ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာဈေး တည်ငြိမ်စေရေး အတွက် မလေးရှားအစိုးရဟာ ရော်ဘာတင်ပို့မှုမှာ ဦးဆောင် နိုင်ငံများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ ပူးပေါင်း ဆောင် ရွက်လျက်ရှိပါတယ်။ နယ်စပ်ဒေသ နဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီး Datuk Seri Mohd Shafie Apdl   က ရော်ဘာ ထုတ်လုပ်မှုများသော်လည်း ဈေးကြီးမြင့်လွန်းပါက ရော်ဘာတုများကို ပြောင်းလဲအသုံးပြုသွားကြမည်စိုး၍ ယခု ကဲ့သို့ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ပြောကြားပါ တယ်။

သဘာဝရော်ဘာကို အသုံးပြု ထုတ်လုပ်သော ကုန် ပစ္စည်းများကို ပိုမိုတီထွင်ထုတ်လုပ်ခြင်းအားဖြင့် ပြည်တွင်းမှာ လည်း ရော်ဘာကုန်ကြမ်းအသုံးပြုမှု ပိုမိုများပြားလာစေမယ် လို့ Felcra Bukit Tampoi   မှာပြုလုပ်တဲ့ ကျေးရွာပြန် လည် ထူထောင်ရေး အိမ်ယာသော့အပ်နှံပွဲအခမ်းအနားမှာ သတင်း ထောက်များကို ပြောကြား ခဲ့တယ်လို့ အင်တာနက်သတင်း များမှာ ဖော်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ယခုနှစ် ၉ လတာကာလမှာ သဘာဝရော်ဘာ ၂ ဒသမ ၅၄၆ သန်း တင်ပို့ထားပြီးဖြစ်ပါတယ်။ှSource: Rubber newsCMK