ရန်ကုန်မြို့ကားဈေးကွက်မှာ ယခုလလယ်ပိုင်းခန့်တွင် ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေပြီး ယခင်လကုန်ပိုင်းက အရောင်းအဝယ် ရှိခဲ့သည့် အင်ဂျင်ပါဝါကြီးကားများမှာ အဝယ်ကျဲသွားပြီး အင်ဂျင်ပါဝါသေး ကားများသာ အရောင်းအဝယ်အနည်းငယ်ရှိကြောင်း ကားဟောင်းဈေးကွက်နှင့် အပ်ကားဈေး ကွက်၊ စလစ်ဈေးကွက်မှာ ဈေးမြင့်နေဆဲဖြစ်ကြောင်း သိရသည်။
မြို့တွင်းရှိ ကားပွဲစားဝိုင်းများတွင် ကားများ၊ လူများ စည်ကားနေပြီး အပေါ် ဝိုင်းတွင် ကိုယ်တိုင်တင် သွင်းပြီး ပြန်လည်ရောင်းချသည့်ကား များပြားနေပြီး အချို့ မှာရောင်းချလိုသည့် ကားဈေးနှုန်း၊ ကား၏သိသင့်အချက်များ၊ ရောင်းချသူ ဖုန်းနံပါတ်အပြည့်အစုံ ကြော်ငြာလာသည့်ပုံစံဖြင့် ကြော်ငြာစာရွက်ကပ် ရောင်း ချလာကြသဖြင့် အရောင်းပြခန်း ဝယ်ယူသကဲ့သို့ ကြားခံနည်းကာခေါင်းရှင်းရှင်း ဝယ်ယူနိုင်သဖြင့် ကြော်ငြာကြည့် ဆက်သွယ်ဝယ်ယူမှုများရှိလာပြီး လူအများနှစ် သက်လာကြကြောင်း သိရသည်။အင်ဂျင်ပါဝါဖြင့် အပေါ်ကားဈေးကွက်မှာ စလစ်ဈေးကြီးမြင့်မှုကြောင့် ကိုယ် ပိုင်စီးရန် ဝယ်ယူသူနည်းပါးလာပြီး နယ်ဝယ်လက်များလည်း အဝယ်ပြန့်ကျဲသွား ကြောင်း၊ စလစ်ဈေးတန်းမှာ ဗအက္ခရာစလစ် ကျပ်သိန်း ၉၀မှ ၉၅ သိန်းကြား၊ န၊ ပ အက္ခရာစလစ်မှာ ကျပ်၈၅ သိန်းမှ ၈၈ သိန်းကြားပေါက်ဈေးမြင့်နေသော်လည်း ယခုတလော အဝယ်နည်းသွားကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ 'ဗ' အက္ခ ရာနောက်ပိုင်း အက္ခရာအကန့်အသတ်ဖြင့် အပ်နှံခွင့်ပြုမည်ဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်နေသောကြောင့် စလစ်ဈေးအမြင့်အား ဝယ်ယူသူနည်းရခြင်းဖြစ်ကြောင်း ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှပြောသည်။ယခုအခါ ပြည်ပကားလေလံဈေးတန်းမြင့်တက်နေသဖြင့် အင်ဂျင်ပါဝါသေး ကားများအား ကိုယ်တိုင်တင်သွင်းစီးနင်းလိုသူများမှာ စဉ်းစားလာကြပြီး ပြည်တွင်း သို့ရောက်ရှိပြီး ကားများမှာ ဈေးပိုမို သက်သာသဖြင့် ပွဲစားတန်းများမှာ ဖြစ်စေ အရောင်းပြခန်းများမှာဖြစ်စေ လိုက်လံကြည့်ရှုဝယ်ယူတတ်ကြကြောင်း၊ လက်ရှိ ဝိုင်းထဲတွင် ရောင်းနေသည်မှာ ပရိုဘောက် (၂၀၀၇) (1.5 ဓာတ်ဆီ)အား ကျပ် ၁၂၇ သိန်းမှ ၁၃၀ သိန်းထိလည်းကောင်း၊ ဟွန်ဒါဖစ်(၂၀၀၇)ဆိုလျှင် ကျပ်သိန်း ၁၃၀ မှ ၁၃၃ သိန်းထိလည်းကောင်း ရောင်းချ လာကြကြောင်း၊ အရောင်းပြခန်းများ တွင်မူ အထွေထွေကုန်ကျစရိတ်များ ရှိတာကြောင့် ဒီထက်ဈေးပိုမြင့်ကြောင့် ၎င်းမှ ပြောသည်။ SN