မန္တလေးမြို့ အဝင်အထွက်ရှိ တရား မဝင်ဆီဆိုင်များ ပိတ်သိမ်းရမှာ ဖြစ် ကြောင်းသိရပါတယ်။ မန္တလေးမြို့အဝင် အထွက်ရှိ အောင်ပင်လယ်မှာ ဆိုင်ခန်း ၈ ခန်း၊ ရွှေကျင်ရွာအထွက် ၅၇ ခန်း အား ယခုလ ၃ ရက်မှစပြီး နှစ်ပတ် အတွင်း ပိတ်သိမ်းရမှာဖြစ်ပါတယ်။
ရွှေကျင်ကွေ့မှာ ဖွင့်လှစ်ရောင်းချ လျက်ရှိတဲ့ Vesper ဆီဆိုင်ရှင် ဦးဝင်း စိန်က "ဒီနေရာမှာ ၂၀၀၂ ခုနှစ်က စပြီးဖွင့်ခဲ့တာ ၁၀ နှစ်ရ်ှပါပြီ။ အဲဒီ အချိန်က မြို့တွင်းမှာ မီးဘေးအန္တရာယ် ရှိလို့ မြို့ပြင်မှာတရားဝင်ဖွင့်ခွင့်ပြုထားခဲ့ ပါတယ်။ ခုကျတော့ တရားမဝင်ဖွင့် တယ်ဆိုပြီး ပိတ်ခိုင်းနေတော့ ကျွန် တော်တို့အတွက် အခက်အခဲ အများ ကြီးရှိပါတယ်။ မြေဝယ်ပြီး ဖွင့်ဖို့ဆိုတာ မြေဈေးကလည်း မြင့်နေတဲ့အတွက် မဖွင့်နိုင်ပါဘူး။ ကျွန်တော်တို့ပိုင်ဆိုင် တဲ့မြေက မြို့တွင်းမှာပဲ ရှိတဲ့အတွက် မြို့တွင်းမှာ ပြောင်းရွှေ့ဖွင့်လို့လဲ အဆင် မပြေဘူး။ ဒီမှာက လိုင်းကားသမားတွေ အတွက်လည်း အဆင်ပြေနေပါတယ်။ ပီပါလိုက် အကြွေး ရောင်းပေးနေ တော့ အထက်ပိုင်းက ယာဉ်လိုင်းတွေ အတွက် အဆင်ပြေပါတယ်။ ဒီနေရာ ကိုသာ ပိတ်လိုက်ရင် ကျွန်တော်တို့ လည်း အကြွေးဆုံးရမှာပါ။ နိုင်ငံတော် အတွက် သတ်မှတ်တဲ့အခွန်ဆောင်လို့ရ ပါတယ်။ မြို့အဝင်အထွက်မှာတော့ နေရာသတ်မှတ်ပြီး ဖွင့်ခွင့်ပေးစေလို ပါတယ်"လို့ ပြောပါတယ်။မန္တလေးမြို့မှာ စက်သုံးဆီဆိုင်များကို မြို့အဝင်အထွက် လမ်းဝဲယာနဲ့ မြို့တွင်း ရှိပန့်ဆိုင် (ပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်) များနဲ့ ဘူးထောင် ပျံကျဆီဆိုင် များနဲ့ ဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်။ ရွှေကျင်ကွေ့ ဆီဆိုင်တန်း ၅၇ ဆိုင်မှ နေ့စဉ် ပေပါအလုံး ၁၀၀ ကျော်ကို မြန်မာနိုင်ငံအထက်ပိုင်းသို့ ရောင်းချမှု ရှိကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး