Main menu

Background

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ပေ ၃၀၀ ခန့်ရှည်သည့်စတီးကြိုးတံတားကို သြစတြေးလျနိုင်ငံသား Mr. Tony မှ တည်ဆောက်လှူဒါန်း

Mon, 10/15/2012 - 08:17 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ နယ်၊ မိကျောင်းတက်ကျေးရွာနဲ့ ဝဲကြီး ဆင်ရွာကြားမှာ အရှည်ဆုံး ကြိုးတံတား ကို သြစတြေးလျနိုင်ငံသား  Mr. Tony  မှ ယခုလ ၅ ရက်က  ကိုယ်တိုင် တည် ဆောက်လှူဒါန်းခဲ့ကြောင်း   သိရပါ တယ်။

Mr. Tony တည်ဆောက်လှူဒါန်းတဲ့ စတီးကြိုးတံတားမှာ   မန္တလေးတိုင်း ဒေသကြီးအတွင်း အရှည်ဆုံးကြိုးတံ တားဖြစ်ပြီး တံတားအကျယ် ၆ ပေ ကျယ်ပြီး၊ သံဘောင် သံကူတံတားဖြစ် ပြီး၊ ရွာသား ၃၆၀ ခန့်မှ လုပ်အားဒါန များပါဝင်ကာ တံတားတန်ဖိုးမှာ ကျပ် သိန်း ၃၀၀၀ ခန့် ကုန်ကျမှုရှိကြောင်း သိရပါတယ်။ မိကျောင်းတက်ကျေးရွာ  တံတား ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးတင် အေးက "တံတားကို  Mr. Tony ကိုယ် တိုင်တည်ဆောက်တယ်။ ဒုဋ္ဌဝတီမြစ် ရေက ရေစီးသန်လို့ တံတားဆောက်ဖို့ အဆင်မပြေခဲ့ဘူး။ အခု Mr. Tony တည်ဆောက်ပေးတဲ့တံတားက  ကျွန် တော်တို့တွေအတွက် အဆင်ပြေတယ်။ ခါတိုင်းဆို   မြစ်တစ်ဖက်ကူးချင် ရင် လှေနဲ့ကူးရတာ။ ခုလိုမိုးတွင်းကာလဆို ကမ်းနှစ်ဖက်ကို ကြိုးတန်းပြီးမှ လှေနဲ့ ကုန်ပို့ရတယ်။ Mr. Tony က တံတား အတွက် ငွေမထည့်ဝင်ခိုင်းဘူး။  လှူ ချင်ရင် လိုအပ်တဲ့ပစ္စည်းတွေပဲ ဝယ်လှူ ခိုင်းတယ်။ ခုတော့ ကြိုးတံတားပြီးလို့ ကုန်စည်ပို့ဆောင်ရေး  အဆင်ပြေပြီး၊ ဒေသခံတွေလည်း မမျှော်လင့်ဘဲ ဒီလို ဖြစ်လာလို့ အလွန်ဝမ်းသာနေတယ်" လို့ ပြောပါတယ်။မိချောင်းတက်ရွာနဲ့ ဝဲကြီးဆင်ရွာတို့ ရှိ မြေဧက ၁၀၀၀ ဝန်းကျင်ခန့်မှာ သီးနှံမျိုးစုံ  စိုက်ပျိုးမှုရှိပြီး၊  သရက်၊ သံပုရာ၊ ရှောက်၊ ငှက်ပျော၊ သင်္ဘော၊ သြဇာနဲ့ မာလကာသီးမျိုးစုံ စိုက်ပျိုးပြီး ဧက ၁၅၀ ခန့်မှာ ပဲမျိုးစုံ  စိုက်ပျိုးမှု ရှိပါတယ်။ ဒေသထွက်သီးနှံများကို လှေ များဖြင့် တင်ဆောင်ပြီး ပေါ်တော်မူ၊ မြစ်ငယ်ရွာများမှတစ်ဆင့်  မန္တလေး၊ မူဆယ်၊ တောင်ကြီး၊ မုံရွာ၊ မကွေးနဲ့ အခြားမြို့များသို့  တင်ပို့ရောင်းချခဲ့ ကြောင်း၊ အခြား ကျေးရွာပေါင်း ၅၀ ဝန်းကျင်အတွက်လည်း   ကုန်စည်စီး ဆင်းမှုလွယ်ကူပြီး ပညာရေး၊ ကျန်း မာရေးအတွက်ပါ   အဆင်ပြေလာ ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး