Air Asia လေကြောင်းလိုင်းမှ မန္တလေးနဲ့ ဘန်ကောက်သို့ ပထမဆုံး တိုက်ရိုက်ပျံသန်းရန်လက်မှတ်အရောင်း စင်တာကို မန္တလေးမြို့ ၂၆ လမ်း (၇၈ နဲ့ ၇၉) လမ်းကြားမှာ စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဘန် ကောက်သို့ တိုက်ရိုက်ပျံသန်းခြင်းကို ယခုလ ၄ ရက်မှာ စတင်ပျံသန်းခဲ့ရာ တစ်ခေါက်ကို ခရီးသည် ၁၃၀ ဝန်းကျင် လိုက်ပါမှုရှိပြီး စီးပွားရေးလုပ်ငန်းနဲ့ ကျန်း မာရေးအတွက် သွားရောက်မှု များ ကြောင်း သိရပါတယ်။
Air Asia ခရီးသွားဝန်ဆောင်မှု လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုလင်းက "လေယာဉ်က ၁၈၀ယောက် ဆံ့ပါတယ်။ အသွားအပြန် စီစဉ်ပေးလို့ လည်းရပါတယ်။ လေယာဉ်လက်မှတ် ခက တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ အနိမ့်ဆုံး ၇၅ ဒေါ်လာကနေ အမြင့်ဆုံး ၁၅၀ ဒေါ်လာထိရှိပါတယ်။ အရေးကြီးရင် ကြီးသလို လက်မှတ်ထုတ်ပေးလို့ရပါ တယ်။ ရက်ဝေးဝေးချိန်ပြီး ဘိုကင်ယူ ထားရင် ဈေးသက်သာတာပေါ့။ ခရီး သည်ရှိတဲ့အပေါ် ဈေးအပြောင်းအလဲရှိ ပါတယ်။ စင်းလုံးငှား လိုချင်ရင်လည်း ခရီးမိုင်သွားမယ့် ခရီးစဉ်တွက်ချက်ပြီး ယူမှာပါ။ အသွားအပြန်လက်မှတ်ဖြတ် ရင်လည်း ဈေးနှုန်းက Promotion ပေါ်မူတည်ပါတယ်"လို့ ပြောပါတယ်။ မန္တလေးမှဘန်ကောက်သို့ တစ်ပတ် လျှင် လေကြောင်းလိုင်း လေးကြိမ်ပျံ သန်းမှာဖြစ်ရာ တနင်္လာ၊ အင်္ဂါ၊ ကြာ သပတေးနဲ့ စနေနေ့များမှာ ဒေသစံ တော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ ထွက်ခွာပြီး၊ ထိုင်းနိုင်ငံဘက်မှ ဒေသစံ တော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ ပျံသန်းမှာဖြစ်ပါတယ်။ယခင်က ရန်ကုန် မြို့မှတစ်ဆင့်သွားရခြင်းကြောင့် အချိန် ကုန်၊ ငွေကုန်ကျခြင်း သက်သာမည်ဖြစ် ကြောင်း၊ မန္တလေးမြို့မှ ပြည်ပသို့ တိုက် ရိုက်ပျံသန်းရာမှာ တရုတ်နိုင်ငံ မန်စီ လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ ဘန် ကောက်လေကြောင်းလိုင်းသာ ပျံသန်း မှုရှိကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး