Main menu

Background

ပြည်တွင်းဈေးကွက်ခိုင်မာတဲ့ ပီလောပီနံကော်မှုန့် ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် ပုသိမ်မြို့ TPIS ရုံးခန်းတွင် ဆွေးနွေးပွဲပြုလုပ်

Mon, 10/15/2012 - 08:24 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ TPIS  ရုံးခန်းတွင် အောက်တို ဘာလ ပထမပတ်က ကျုံပျော်မြို့နယ် ပီလောပီနီံ(ကလော)လုပ်ငန်းရှင် များလာရောက်ပြီး ပြည်တွင်းဈေးကွက်မှ  Value  Added  ပြုလု ပ်ပြီး ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါ တယ်။

ကျုံပျော်မြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်(၄၀/၅၀)ခန့်မှစပြီး၊ ပီလောပီနံ (ကလော) ကို တောင်သူများမှ စိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလုပ်ငန်းတစ်ခုအဖြစ် ကျေးရွာများမှာ ပီလောပီနံကော်မှုန့်များကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန် ကျုံပျော်မြို့နယ်မှာ ကော် မှုန့်ပြုလုပ်တဲ့ စက်ကြီး၊ စက်လတ်၊ စက်သေး စုစုပေါင်း ၁၀၀ ကျော်ရှိပြီး၊ ပီလောပီနံကော်မှုန့်လုပ်ငန်းမှာ စိုက်ပျိုးရေးကုန်ကြမ်းမှ ကုန်ချောထုတ် လုပ်တဲ့ လုပ်ငန်းဖြစ်ကြောင်း  လုပ်ငန်းရှင်များမှ ဆွေးနွေးပြောကြားပါ တယ်။၂၀၁၂ ခုနှစ် အောက်တိုဘာလဈေးကွက်မှာ ကလောမှုန့် တစ် ပိဿာ ၅၅၀ ကျပ်ဈေးခန့်ရှိပြီး၊ ကလောမှုန့် ၃၀ ပိဿာ တစ်အိတ်မှာ ၁၆၅၀၀ ကျပ်ဖြစ်ကြောင်း၊ တစ်မြို့နယ်လုံး ပျမ်းမျှအိတ် သုံးသန်းထွက် ရှိရင် တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ၄၉၅၀၀ ကျပ်ဖြင့် ပြည်တွင်းဈေး ကွက်ရှိနေပြီး၊ စိုက်ပျိုးသူတောင်သူများကို နည်းပညာအရင်းအနှီးနဲ့ ထုတ် လုပ်သူများကို နည်းပညာ၊ လိုအပ်တဲ့ စက်ကိရိယာများ၊ အရင်းအနှီး အကူအညီများရရှိပါက ပြည်ပဈေးကွက်မှာ ဒေါ်လာ သန်းပေါင်းများစွာ ရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်း စွယ်စုံပီလောပီနံ ကော်မှုန့်လုပ် ငန်းရှင် ဦးကျော်သူရက ဆွေးနွေးပြောကြားပါတယ်။ပြည်ပဈေးကွက်ယှဉ်ပြိုင်နိုင်ဖို့ ပီလောစိုက်တောင်သူများ အထွက် တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးခြင်း၊ မြေသြဇာသုံးစွဲမှုနဲ့ သိပ္ပံနည်းကျ စနစ်တကျစိုက်ပျိုးနိုင်ရေး နည်းပညာများရရှိရန်နဲ့ ထုတ်လုပ်သူလုပ်ငန်း ရှင်များ နည်းပညာ စက်ကိရိယာနဲ့ ရင်းနှီးမြှုပ်နှံမှုများရရှိစေပြီး၊ ပြည်ပပို့ ကုန် မြင့်မားလာရေးအတွက် ပီလောပီနံကော်မှုန့်  ထုတ်လုပ်သူများ အသင်း ဖွဲ့စည်းရန် ဒေသအာဏာပိုင်နဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးမှာဖြစ်ကြောင်း၊ နည်း ပညာ၊ ဈေးကွက်အခြေအနေများနဲ့ လိုအပ်တာများကိုလည်း တိုင်းဒေ သကြီး မန်နေဂျာ ဦးစိုးအောင်က ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။                                မင်းမင်းဦး-ပုသိမ်