Main menu

Background

နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် အမျိုးသားရေးစိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားမဲ့ မြဝတီနယ်စပ်ကုန်သည်ကြီးများ

Mon, 10/15/2012 - 08:22 -- Anonymous (not verified)

နိုင်ငံတော်မှ များစွာဖြေလျော့ပေးနေခြင်းအပေါ် ကုန်သည်လုပ်ငန်းရှင်များအားလုံး သိရှိကြပြီးဖြစ်သလို လက်တွေ့မှာလည်းအကျိုးခံစားနေကြရကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့ပေးချိန်မှာ မိမိတို့ဘက်ကလည်း နိုင်ငံကြီး သားပီသစွာ နိုင်ငံတော်ကိုပေးဆောင်ရမဲ့ အခွန်အခများကို ပေးဆောင်သွားမှာဖြစ်ကြောင်း မြဝတီနယ်စပ်ကုန် သည်အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ အောက်တိုဘာလ ၂ ရက်ကပြုလုပ်တဲ့ ကုန်သွယ်မှုလျာထားချက်ပြည့်မီကျော်လွန်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ မိမိတို့ တရားဝင်လမ်းကြောင်းမှသွားပြီး အကျိုးအမြတ် ခံစားရနေချိန်မှာ တရားမဝင်လမ်းကြောင်းက သွားလာနေသူများကို နားလည်သဘောပေါက်အောင်ရှင်းပြပြီး တရားဝင်လမ်းကြောင်းပေါ် သို့ ရောက်ရှိ လာစေရေးစည်းရုံး တိုက်တွန်းလျက်ရှိကြောင်းနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် အမျိုးသားရေး စိတ်ဓာတ်နဲ့ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ဒေါ်သင်းသင်းမြတ် က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးမြင့်တင်ကလည်း ကုန်သည်လုပ်ငန်းရှင်များဟာ နိုင်ငံတော်အစိုးရ က ဖြေလျော့ပေးမှုများကို လက်တွေ့ခံစားနေကြရတာဖြစ်ကြောင်း၊ ဒါကြောင့် တရားမဝင်လမ်းကြောင်းမှ သွားလာနေသူများရှိပါက တရားဝင်လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေး၊ မိသားစုစိတ်ဓါတ်/မိတ်ဆွေကောင်း စိတ်ဓာတ်များနဲ့ အသိပေးရှင်းလင်းပြောပြရန် လိုအပ်ကြောင်း၊ မိမိစီးပွားရေးတစ်ခုတည်းအတွက် နစ်မြုပ်မလုပ် ဘဲ မိမိတို့ဒေသတိုးတက်ရေးအတွက် ဘာတွေပြုပြင်ပြောင်းလဲလုပ်သင့်သည်ကိုပါ မြင်အောင်ကြည့်ဖို့လိုကြောင်း၊ ဌာနဆိုင်ရာပိုင်း တင်ပြလိုသည်များ၊ အကြံပြုလိုသည်များရှိက ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။မြဝတီနယ်စပ်ကုန်သွယ်ရေးခစန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစန်းလွင်ကလည်း နိုင်ငံတော်အစိုးရမှ ကုန်သွယ်မှု အဟန့်အတားများဖြေလျော့ပေးနေကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ အရည်အသွေး၊ စံချိန်စံညွှန်း အာမခံချက်ရှိတဲ့ ကုန်ပစ္စည်းများကို တင်ပို့တင်သွင်းနိုင်မှသာ ရေရှည်ခိုင်မြဲတဲ့ဈေးကွက်ကို ပိုင်ဆိုင်ထားနိုင်မှာဖြစ်ပြီး စားသုံးသူအကျိုး၊ ကုမ္ပဏီလုပ်ငန်းရှင်အကျိုး၊ နိုင်ငံအကျိုး အကျိုးသုံးကျိုး ရလဒ်ကောင်းများရရှိခံစားနိုင်မှာဖြစ်ကြောင်းနဲ့ တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်မှ အခွန်အခများ နစ်နာဆုံးရှုံးစေလျက်ရှိပြီး တရားဝင်ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေတဲ့အတွက် တရားမဝင်ကုန် သွယ်မှုလျော့နည်း ပပျောက်စေရေး၊ ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ နိုင်ငံကြီးသားစိတ်ဓာတ်နဲ့ ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source:နကသ(မြဝတီ) MIRT (DOBT)