Main menu

Background

ဆေးဖက်ဝင်တဲ့နနွင်း

Mon, 10/15/2012 - 08:25 -- Anonymous (not verified)

မြန်မာနိုင်ငံတွင် နနွင်းအများဆုံး စိုက်ပျိုးထုတ် လုပ်သည့် မြို့များမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပင်လောင်းမြို့နှင့် ကျောက်ဆည်မြို့နယ်တို့ ဖြစ်ပါ တယ်။ နနွင်းသည် စိုက်ပျိုးကာလ ခုနစ်လမှ ၁၀ လခန့်ကြာမြင့်သော်လည်း အကျိုးအမြတ်အနေဖြင့် အခြားသီးနှံများနှင့် မကွာခြားသဖြင့် စီးပွားဖြစ်စိုက် ပျိုးသူ နည်းပါးပါတယ်။

ရှမ်းနနွင်းနဲ့ ကျောက်ဆည်နနွင်းတို့ရဲ့ အရည် အသွေး  ခြားနားချက်တွေကတော့ အရောင်အားဖြင့် ရှမ်းနနွင်းက အဝါဖျော့၊ နီညိုရာင်ရှိပြီး ကျောက်ဆည် နနွင်းကတော့ အဝါရင့်ရောင်၊ အနံ့မှာ ရှမ်းနနွင်း သည် မွှေးကြိုင်မှု အနံ့နည်းပြီး ကျောက်ဆည်နနွင်းက အနံ့မွှေးကြိုင်မှုမှာ သာပါတယ်။ ပင်လယ်ရေကြောင်း မှ နနွင်းတင်ပို့မှုကိုကြည့်ပါက ၂၀၀၈-၂၀၀၉ ဘဏ္ဍာ နှစ်တွင် တန် ၁၃၀၀၀ ကျော်ခန့်၊  ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် တန်  ၁၀၀၀၀ ကျော်ခန့်၊  ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်တွင် တန်၃၀၀၀ ကျော်ခန့်၊ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင်လည်း တန် ၁၀၀၀ ကျော်ခန့်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်(သြဂုတ် ၂၄ ရက်အထိ) တန်ချိန် ၉၀၀ ကျော်ခန့် တင်ပို့ခဲ့ ကြောင်း တွေ့ရှိရပါ တယ်။ ပင်လယ်ရေကြောင်းမှ နနွင်းတက်သာမက နနွင်း ခေါင်းလည်း တင်ပို့မှုရှိနေပါတယ်။ ဈေးနှုန်းအနေနှင့် ကြည့်ပါကလည်း နနွင်း (ကျောက်ဆည်စ) တစ်တန် ကို အမေရိကန်ဒေါ်လာ ၉၁၀၊ နနွင်း (ရှမ်းစ)ကတော့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၀ ရရှိပါတယ်။ပါကစ္စတန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့ကို အများ ဆုံးတင်ပို့ပြီး တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ယီမင်၊ ယူအေအီးတို့ကိုလည်း တင်ပို့မှုရှိပါတယ်။ အရည် အသွေးကို ဦးစားပေး တင်ပို့ခြင်းဖြင့် ရရှိပြီးသော ဈေးကွက်များ  ခိုင်မာစေရေးနှင့်  ဈေးကွက်သစ်များ ရှာဖွေ ထိုးဖောက်ခြင်းဖြင့် ပြည်ပသို့ တင်ပို့ရာတွင် အလားအလာရှိသော မြန်မာ့ပို့ကုန်  အမယ်ဖြစ်သည့် နနွင်းအကြောင်း အသိပေးရေးသားလိုက်ရပါတယ်။             ခင်စန်းဝင်း(DOT)