ကိုရီးယားနိုင်ငံလုပ် သဘာဝဖြစ် ဖန်ပုလင်းများဝင်ရောက်လာ
ကိုရီးယားနိုင်ငံ သဘာဝဖြစ် ဖန် ပုလင်းများ (Yong Cheon natural Glass) ကို Variety Trading Co.Ltd မှ တင်သွင်းလာကြောင်း သိရပါတယ်။
သဘာဝဖန်ပုလင်းများကို အိမ်တွင်း အလှဆင်ရာမှာ သုံးစွဲနိုင်ခြင်းနဲ့ဆေးဝါး များစိမ်ရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ ရေပူ၊ ရေအေးနှစ်မျိုးလုံးထည့်ပြီး အသုံးပြုနိုင်ကြောင်းသိရပါတယ်။Viriety Trading Co.Ltd မှ မန်းနေးဂျင်းဒါရိုက်တာ မနှင်းယုလှိုင်က "ကျွန်မတို့ တင်သွင်းလာတာ နှစ်လပဲ ရှိပါသေးတယ်။ လောလောဆယ် ရန် ကုန်မြို့ ယုဇနပလာဇာ တိုက်(၄)အခန်း (၃) မှာပဲ ရောင်းချပေးပါတယ်။ နောက်ပိုင်း နယ်ကကိုယ်စားလှယ်ယူလို ရင်လည်း ပေးသွားပါမယ်။ ဒီဆေးပု လင်းတွေကို Hand Made နဲ့ ပြုလုပ် ထားတာပါ။ ဖန်ရည်ကျိုပြီး လိုချင်တဲ့ ပုံစံခွက်ထဲ ပြောင်းနဲ့မှုတ်ယူကာ ပုံစံမျိုး စုံထုတ်ထားပါတယ်။ ရွှေရောင်နဲ့အနား ကွပ်ထားတော့ အလှအပအနေနဲ့ သုံး လို့ရတယ်။ ဆေးစိမ်တဲ့အခါ လွယ်လွယ် ကူကူသုံးနိုင်အောင် ရေဂေါက်တပ်ပေး ထားပါတယ်။ ရေပူရေအေး ထည့်လို့ မကွဲဘူးလို့ အာမခံပါတယ်။ မြန်မာနိုင်ငံ မှာ တိုင်းရင်းဆေး ပျားရည်၊ ကြက်သွန်၊ ချင်းစိမ်ရာမှာ စိတ်ဝင်စားမှုရှိအောင် ဆေးသောက်ချင်အောင် ဒီပုလင်းတွေ က သဘာဝအတိုင်း ပြုလုပ်ထားလို့ သုံးလို့ရပါတယ်။ အတွင်းဘက် စီလီ ကွန်နှစ်ထပ်သုတ်ထားလို့ ဓာတုလုံး၀ မပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်" လို့ ပြော ပါတယ်။သဘာဝဖန်ပုလင်းကို အမေရိကန်၊ ဂျာမဏီ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်သွင်းမှုရှိပြီး၊ ဗီယက်နမ်နိုင်ငံမှ သုံး စွဲမှုများကြောင်း၊ ပုလင်းတစ်ပုလင်းကို အနည်းဆုံး ၃၅၀၀ ကျပ်မှ အများဆုံး ၁ သိန်းကျော်ထိရှိကြောင်း၊ ဆိုဒ်အကြီး အသေးပေါ်မူတည်ပြီးဈေးကွာကြောင်း သိရပါတယ်။ ဇူးဇူး-မန္တလေး
