ထိုင်းအစိုးရက ဆန်စပါးအပေါင်ခံအစီအစဉ် တိုးချဲ့ဖို့ သဘောတူ

၂၀၁၁-၁၂ ရာသီ ဒုတိယသီးထပ်စပါးအတွက် အစိုးရ တာဝန်ခံတဲ့စပါးအပေါင်ခံအစီအစဉ်ကိုတိုးချဲ့ဖို့ စည်းမျဉ်းများ ကိုအစိုးရဝန်ကြီးများအဖွဲ့မှ အောက်တိုဘာလ ၁၅ ရက် မှာ သဘောတူခဲ့ကြောင်း သိရပါတယ်။ အများပြည်သူ သိုလှောင် ရုံ အဖွဲ့အစည်း (PWO)နဲ့ ထိုင်းလေဆိပ်တို့မှ ဆန်သိုလှောင်ဖို့ စဉ်းစားပြီး ဒွန်မောင်းလေဆိပ်မှာရှိတဲ့ သိုလှောင်ရုံတစ်ခုကို စစ်ဆေးခဲ့ပါတယ်။ အဲဒီသိုလှောင်ရုံဟာ ၆ နှစ်ကျော် ကြာ ပိတ်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စပါးအပေါင်ခံ အစီအစဉ်ကို အစောပိုင်းအတည်ပြုခဲ့တဲ့ တန်ချိန် ၁၃ ဒသမ ၃၁ သန်းအပြင်နောက်ထပ်ဒုတိယစပါး တန်ချိန် ၁ ဒသမ ၃၉ သန်းကိုလည်း အတည်ပြုခဲ့ရာ ဒုတိယ စပါးရာသီအပါအဝင် ၂၀၁၂ စပါးအပေါင်ခံ အစီအစဉ်မှာ စပါးစုစုပေါင်းတန်ချိန် ၁၄ ဒသမ ၇ သန်းရှိသွားမှာဖြစ်ပါ တယ်။ အသုံးစရိတ်ငွေအား စိုက်ပျိုးရေးနဲ့ လယ်ယာထွက်ကုန် သမဝါယများဘဏ်မှ ထုတ်ပေးမှာဖြစ်ပါတယ်။ ဒုတိယစပါး အပေါင်ခံဖို့ ယင်းဘဏ်မှ ဘတ် ၉၀ ဘီလီယံ(ကန်ဒေါ်လာ ၂ ဒသမ ၉၄ ဘီလီယံ)ကို ချထားပြီးဖြစ်ကြောင်း သိရပါ တယ်။ ၂၀၁၁-၁၂ ရာသီအတွင်း အဓိက စပါးနဲ့ ဒုတိယစပါး အပါအဝင် အပေါင်ခံအစီအစဉ်မှာ အစိုးရအနေနဲ့ ဘတ် ၂၈၀ ဘီလီယံ(ကန်ဒေါ်လာ ၉ ဒသမ ၁၄ ဘီလီယံ) သုံးစွဲထားပြီး ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာ PWO မှ ဒုတိယဥက္ကဌ Somsak  Vongvattansan  မှ ဒွန်မောင်းလေဆိပ်မှ အသုံးမပြုဘဲ ထားတဲ့ သိုလှောင်ရုံတစ်လုံးကို စစ်ဆေးပြီးကြောင်း၊ ယင်း နေရာမှာစပါးသိုလှောင်မယ်ဆိုရင် လမ်းကြပ်မှု ပြဿနာ ဖြစ် နိုင်တာ ကိုစိုးရိမ်တယ်လို့ဆိုပါတယ်။ ယင်းလေဆိပ် သိုလှောင် ရုံမှာ အပေါင်ခံစပါးထားမယ်ဆိုရင် နေ့စဉ်အခြားပြည်နယ်များ က အနည်းဆုံး ထရပ်ကားအစီး ၅၀၀ ခန့် ရောက်ရှိမှာဖြစ်လို့ ယာဉ်အသွားအလာကြပ်မှုပိုလာမယ်လို့ ဆိုပါတယ်။ လေဆိပ်ဝန်းကျင် ယာဉ်ကြပ်မယ်ဆိုရင် လေကြောင်းစီး ခရီးသည်တွေ နှောင့်နှေးနိုင်တယ်လို့ဆိုပါတယ်။ အခြားပြည် နယ်တွေမှာလည်း ထားသိုဖို့နေရာရှိလို့ အဲဒီ နေရာတွေမှာ စပါးသိုလှောင်ရင်ပိုသင့်လျော်တယ် လို့လည်း၎င်း ကဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီး Sukumpol  Suwanatat  မှ ပြော ကြားရာမှာ ကြည်းတပ်နဲ့ ရေတပ်တို့မှာ အပေါင်ခံစပါးထားဖို့ နေရာရှိတယ်လို့ ဆိုပါတယ်။ အစိုးရက သိုလှောင်ရုံတွေမှာ အပေါင်ခံစပါးတွေကို ပါတီဝင်တွေ စစ်ဆေးဖို့ ခွင့်ပြုလိုက် ကြောင်း ဒုတိယဝန်ကြီးချုပ်  Chalerm  Yubamrung မှ ဆိုပါတယ်။လဝန်း၊Source: riceonline