Main menu

Background

၂၀၁၂ ဆန်တင်သွင်းမှု တန်ချိန် ၇၇၀၀၀၀ ထိ ရှိနိုင်တယ်လို့ အင်ဒိုနီးရှားဘူးလော့ဂ်အေဂျင်စီမှခန့်မှန်း

Sun, 10/21/2012 - 07:11 -- Anonymous (not verified)

အင်ဒိုနီးရှားနိုင်ငံရဲ့ ဝယ်ယူရေးအေဂျင်စီ ဘူးလော့ဂ်မှ ၎င်း ရဲ့ဆန်တင်သွင်းမှုဟာ ယခုနှစ်မှာ တန်ချိန် ၅ သိန်းနဲ့ ၇သိန်း ၇သောင်းကြားရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၎င်းအနေနဲ့ ထိုင်းနိုင်ငံဆန်ဈေးထက် ဈေးလျှော့ရောင်း တဲ့ အိန္ဒိယနဲ့ ဗီယက်နမ်တို့နဲ့ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။ ဘူးလော့ဂ်မှ ပုံမှန်အားဖြင့် ပြည်တွင်းရောင်းချသူများ သို့မဟုတ် ဒေသတွင်း ယခင်ဝယ်ယူနေကြ ပြည်ပတင်ပို့သူတွေဆီက ဝယ်ယူခြင်းဖြင့် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းနဲ့ ၂ သန်းကြား သိုလှောင် ထားလေ့ရှိပါတယ်။

ယခုနှစ်ကုန်မှာ ဘူးလော့ဂ်ရဲ့ ဆန်သိုလှောင်မှု တန်ချိန်အနည်းဆုံး ၂ သန်းရှိနေဖို့ ယခုနှစ်ပြည်တွင်း ဝယ်ယူမှုကို တန် ချိန် ၄ ဒသမ ၁ သန်းလျာထားခဲ့တယ်လို့ ဘူးလော့ဂ် CEO Sufarto  Alimoeso မှ ပြောကြားပါတယ်။ နိုဝင်ဘာလနဲ့ ဒီဇင် ဘာလအတွင်း ပြည်တွင်းဆန်ကိုနောက်ထပ် တန်ချိန် ၂ သိန်း - ၂ သိန်းခွဲဝယ်ယူနိုင်မယ်ဆိုရင် စုစုပေါင်းပြည်တွင်း ဆန် ဝယ်ယူမှုဟာ တန်ချိန် ၃ ဒသမ ၆ သန်းဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။ အင်ဒိုနီရှားနိုင်ငံရဲ့ အဓိကစပါးရိတ်သိမ်းမှုက  ဇွန် သို့မဟုတ် သြဂုတ်လအတွင်းဖြစ်ပြီး ဒုတိယသီးထပ်စပါးကို ပထမ ၃ လကုန် ရိတ်သိမ်းပါတယ်။ ယခုနှစ် နိုင်ငံစပါး ထုတ်လုပ်မှု တန်ချိန် ၆၈ သန်းခန့်ထွက်မယ်လို့ ခန့်မှန်းထားပြီး ၂၀၁၄ မှာ ဆန်သိုလှောင်မှု တန်ချိန် ၁၀ သန်းထားရှိဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ၁၉၈၀ ပြည့် အစောပိုင်းနှစ်များက ပြည်တွင်းဆန် ဖူလုံခဲ့ပေမယ့် နောက်ပိုင်းမှာ လူဦးရေတိုးပွားလာခြင်းနဲ့အတူ လယ်ယာမြေများက လူနေအိမ်အဖြစ် ပြောင်းလဲလာလို့ သီးနှံထွက် ရှိမှု တဖြည်းဖြည်းကျဆင်းခဲ့ပါတယ်။ လစဉ် ဆန်စားသုံးမှုက တန်ချိန် ၂ ဒသမ ၇ သန်းခန့်ရှိပြီး၊ တိုးတက်လျက်ရှိနေပါတယ်။ ယခုနှစ် ဆန်တင်သွင်းမှုက ပြီးခဲ့တဲ့နှစ်တင်သွင်းမှု တန်ချိန် ၁ ဒသမ ၈ သန်းထက် လျော့နည်းမှာပါလို့ Alimoeso  မှ ဆိုပါတယ်။ ယခုနှစ် ဆန်တင်သွင်းမှုက တန်ချိန် ၅ သိန်း - ၇ ဒသမ ၇ သိန်းအတွင်းသာဖြစ်လိမ့်မယ်လို့လည်း ၎င်း ကဆိုပါတယ်။ အကယ်လို့ လိုအပ်ရင် ဆန်တင်သွင်းဖို့ ဗီယက်နမ်နဲ့ အိန္ဒိယတို့နဲ့စပြီး၊ ဆက်သွယ်နေပြီလို့လည်း ၎င်းင်းကဆိုပါတယ်။ ယခင်နှစ်က နိုင်ငံသိုလှောင်ဆန်အလုံအလောက်ရှိဖို့ ထိုင်း၊ ဗီယက်နမ်နဲ့ အိန္ဒိယတို့က တင်သွင်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဆန်ဝယ်ယူရေး ထိုင်းနိုင်ငံနဲ့ ဆန်တန်ချိန် ၁ သန်း၊ ဗီယက်နမ်နဲ့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း၊ ကမ္ဘောဒီးယားနဲ့တန်ချိန် ၁ သိန်းနဲ့ မြန်မာနိုင်ငံနဲ့ တန်ချိန် ၂ သိန်းနားလည်မှု စာချွန်လွှာများရေးထိုးထားပါတယ်။       လမင်း၊ Source:  Reuters