Main menu

Background

ယခုတစ်ပတ် ပဲတင်ပို့မှု ပြန်တက်လာ၊ ပဲတီစိမ်းမှလွဲလို့ ပြည်တွင်းပဲမျိုးစုံ ဈေးပြန်လည်ငြိမ်သက်

Sun, 10/21/2012 - 07:15 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်း ပဲတစ်မျိုးချင်း တင်ပို့မှုမှာ ယခင် တစ်ပတ်ထက် ပိုတင်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်မှာ အိန္ဒိယ အဝယ်ရှိခဲ့တဲ့အတွက် တင်ပို့မှု တက်လာတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာန စာရင်းတွေအရ အောက်တို ဘာလ ၁၂ ရက်အထိ ပဲမျိုးစုံစုစုပေါင်းတင်ပို့မှု တန်ချိန် ၈ သိန်းကျော်ပြီး၊ ကန်ဒေါ်လာ ၅၀၇ သန်းကျော်ရရှိထားရာ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၈၇၀၀၀၀ နီးပါးမှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၇၂၇ သန်းနဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် ၇ သောင်းခန့်သာ လျော့နည်း တင်ပို့ခဲ့ပေမဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၂၂၀ ခန့်ထိ များစွာလျော့ကျတာ တွေ့ရပါတယ်။

ပဲတစ်မျိုးချင်း တင်ပို့မှုမှ ရရှိတဲ့ဝင်ငွေကို ကြည့်ရင် ပဲစင်း ငုံ တင်ပို့ခြင်းမှ ရရှိတဲ့ ဝင်ငွေသာလျှင် ယခင်နှစ်ကာလတူ တင်ပို့မှု ရရှိတဲ့ ဝင်ငွေထက် ပိုမိုတာတွေ့ရပြီး၊ ကျန်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ အစရှိတဲ့ ပဲများတင်ပို့ခြင်းမှ ရရှိတဲ့ ဝင်ငွေများမှာ သိသိသာသာလျော့ကျတာ တွေ့ရပါတယ်။ ယခုတစ်ပတ် ပြည်တွင်းပဲဈေးကွက်မှာ အိန္ဒိယ ဝယ် လက် အဝယ်ပြန်အေးလာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝယ်လိုအားလိုက်ခဲ့ပေမဲ့ ဒီတစ်ပတ်နှောင်းပိုင်းမှာတော့ အိန္ဒိယ ရူပီး တန်ဖိုးပိုမိုကျဆင်းလာတဲ့အတွက် တင်သွင်းပဲဈေး ပိုမြင့် လာနိုင်တာကြောင့် အဝယ်လျော့ကျသွားခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိကာလဟာ အိန္ဒိယ မတ်ပဲနဲ့ ပဲတီစိမ်းသစ်တွေ ဝင်လာနေတဲ့ကာလဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ ပဲရောင်း လိုအား များလာတာကြောင့်လည်း ပြည်က ဝယ်လိုအား ကျ ဆင်းလာခြင်း ဖြစ်ကြောင်း သိရပါတယ်။ မတ်ပဲဈေးအနေနဲ့ ယခုတစ်ပတ်အတွင်း ဘုရင့်နောင် ဈေးတစ်တန် ကျပ် ၁၅၀၀၀ ခန့်ကျဆင်းလာခဲ့ပြီး FOB ဈေး မှာလည်း ဒေါ်လာ ၂၀ ခန့် လျော့ကျလာခဲ့ပါတယ်။ အလား တူ ပဲစင်းငုံလည်း ကျပ်တစ်သောင်းခန့် လျော့ပြီး ဈေးကွက်မှာ အရောင်းအဝယ်မဖြစ်သလောက်ပါးနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ပဲတီစိမ်းဈေးကတော့တစ်ပတ်အတွင်း ကျပ် ၃ သောင်း ခန့်တက်လာပြီး အောက်တိုဘာလ ၁၉ ရက်မှာ တစ်တန် ကျပ် ၇၅၃၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန် FOB ဈေးမှာလည်း တစ်တန် ကန်ဒေါ်လာ ၂၀ တိုးကာ ကန်ဒေါ်လာ ၉၀၀-၉၂၀ ဈေးရှိခဲ့တယ်လို့ သိရပါတယ်။ ပဲဈေးအတက်အကျအပြောင်းအလဲ ရှိနေခြင်းနဲ့အတူ ၂၀၁၂ ခုနှစ်အတွင်းပဲလော က ငွေကြေးအရှုပ်အရှင်း ပြဿနာ ကြီးကြီးမားမား မဟုတ်ပေမဲ့ ငွေပမာဏအသင့်အတင့်စီ လိမ် လည်မှု ၃ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ဒေသ ကြီးအတွင်း ဓနုဖြူနဲ့ ဟင်္သာတမှ ပဲကုန်သည်ပွဲစား နှစ်ဦးနဲ့ ပခုက္ကူမှ ၁ ဦး တို့ဟာ နယ်ကုန်သည်နဲ့ တောင်သူများရဲ့ အပ်နှံထားတဲ့ ပဲများအပေါ် တလွဲသုံးစွဲ ထွက်ပြေးတိမ်း ရှောင် လျက်ရှိကြောင်း သိရပါတယ်။ စုစုပေါင်း ငွေကျပ် သိန်းပေါင်း တစ်သောင်းအထက် ဆုံးရှုံးကြောင်း သိရပါတယ်။ ဒါ့ကြောင့် လာမယ့်ပဲအသစ်ရာသီမှာ ပဲကုန်သည်၊ တောင်သူများအနေနဲ့ အဲဒီလို ဆုံးရှုံးမှုမရှိစေဖို့ အာမခံချက်ခိုင်မာသူများနဲ့သာ ချိတ် ဆက်ပြီး ဈေးကွက်အနေအထားလဲ မပြတ်စောင့်ကြည့် သင့် ပါကြောင်း အကြံပြုအပ်ပါတယ်။              ယမင်းခင်