Main menu

Background

အိန္ဒိယလက်လီဈေးကွက်များ ဈေးအမြင့်နဲ့ ဝယ်လိုအားနည်းသွားလို့ အရောင်းအဝယ်အေး ဈေးလျော့၊ ပဲထုတ်လုပ်ရာဒေသများမှာ ပဲပေါက်ဈေးက အစိုးရထောက်ပံ့ဈေးအောက် ရောက်နေ

Sun, 10/21/2012 - 07:16 -- Anonymous (not verified)

အိန္ဒိယစားသုံးသူ လက်လီဈေးကွက်တွေမှာ ပြီးခဲ့တဲ့ တစ်ပတ် အထိမြင့်တက်လာတဲ့ ဈေးအမြင့်မှာဝယ်ယူမှု အားနည်းတဲ့ အတွက် ပဲမျိုးစုံဈေးအေးပြီးအရောင်းအဝယ်ပါးနေပါတယ်။ဒါ့အပြင် အိန္ဒိယ ပဲတင်သွင်းသူများ အကြားရောင်းဝယ်မှုပါးနေတဲ့အတွက် တင်သွင်း ပဲဈေးလည်း လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ကုလားပဲကြိုပွိုင့် ဈေး ကွက်မှာတော့ ဈေးအနိမ့်တန်းမှာ အဝယ်ရှိလို့ ဈေးမြင့်တက်ခဲ့ပါ တယ်။

ပဲစိုက်ပျိုးရာဒေသတွေမှာ မိုးပဲရိတ်သိမ်းမှု တိုးတက်နေလို့ လက်ရှိ ပဲဈေးတွေက အနိမ့်ဆုံးထောက်ပံ့ဈေးေ အာက်ကို ကျဆင်း နေတာကြောင့် တောင်သူတွေက ပဲမျိုးစုံ အစိုးရဝယ်ယူပေးဖို့ တောင်းဆိုနေပါတယ်။ ဒီနှစ်မှာမတ်ပဲနဲ့ ပဲတီစိမ်းထုတ်လုပ်မှုတွေက ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိနေပါတယ်။ ပဲအထွက်လျော့ မယ်လို့ ခန့်မှန်းထားတဲ့တိုင် မြန်မာနိုင်ငံက တင်သွင်းတဲ့ မတ်ပဲ ဆိပ်ကမ်းအရောက်ဈေးက အလွန်နိမ့် တာကြောင့် ပြည်တွင်းမတ်ပဲ ဈေးလည်းနိမ့်နေတယ်လို့ ဆိုပါတယ်။  MSP  တစ်တန် ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၀၉) သတ်မှတ်ထားပေမဲ့ နိုင်ငံအတွင်း ဈေးကွက်အများစုမှာ မတ်ပဲဈေးက ရူပီး ၃၀၀၀၀-၄၀၀၀၀  (ကန် ဒေါ်လာ ၅၆၄-၇၅၃) အတွင်းသာရှိတယ်လို့ ဆိုပါတယ်။ မဟာရပ်ရှတရာမှာ စက်တင်ဘာလ ၂၅ ရက်ကစပြီး အစိုးရဝယ်ယူရေးစင်တာ ၄၃ ခု ဖွင့်လှစ်ထားပြီး ပြီးခဲ့တဲ့ သီတင်း ပတ်တိုင်အောင် မတ်ပဲတန်ချိန် ၇၀၀ ကျော် ဝယ်ယူ ထားပြီးပြီလို့ သိရပါတယ်။ ဈေးကွက်အတွင်း ပြည်နယ်အစိုးရ ဝင်ရောက်ပြီး တဲ့နောက် မတ်ပဲဈေးက စပြီးတက်လာခဲ့တာ လွန်ခဲ့တဲ့ ရက် အနည်းငယ်အတွင်း တင်သွင်းမတ်ပဲဈေးက ရူပီး ၃၃၅၀၀  မှ ၃၄၀၀၀ (ကန်ဒေါ်လာ ၆၃၀-၆၄၀) အထိ ဖြစ်လာခဲ့ပါတယ်။ ပဲတီစိမ်းအဓိကစိုက်ပျိုးတဲ့ရာဂျက်စသန်မှာစိုက်ဧရိယာ လျော့ တာကြောင့် မိုးပဲထုတ်လုပ်မှုနဲ့ဝင်ရောက်မှု ကျဆင်းတဲ့အတွက် လပေါင်း ၃၀ အတွင်း အမြင့်ဆုံး ဈေးဖြစ်တဲ့ တစ်တန် ရူပီး ၅၆၀၀၀-၅၇၀၀၀ (ကန်ဒေါ်လာ ၁၀၅၄-၁၀၇၂)အထိ မြင့်တက် ခဲ့ပါတယ်။ လက်ရှိပွဲတော်ရာသီမှာ တစ်တန် ရူပီး ၆၀၀၀၀ (ကန်ဒေါ်လာ ၁၁၂၉) အထိ ရောက်ရှိနိုင်တယ်လို့ ဈေးကွက်က မျှော်မှန်းနေကြပါတယ်။ ဂျိုင်ပါဈေးကွက်မှာ ပဲတီစိမ်းကို ၂၀၁၀ ဇွန်မှ သြဂုတ်လအတွင်း တစ်တန် ရူပီး ၅၆၀၀၀-၆၂၀၀၀ (ကန် ဒေါ်လာ ၁၀၅၄-၁၁၆၇) အတွင်းနဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရပါ တယ်။ ဒါပေမဲ့ မွန်ဘိုင်းဈေးကွက်မှာ ပြီးခဲ့တဲ့ ရက်က မြန်မာပဲတီ ရွှေဝါ တစ်တန် ရူပီး ၆၀၀၀၀ (ကန်ဒေါ်လာ ၁၁၂၉) မှ ရူပီး ၅၇၀၀၀ (ကန်ဒေါ်လာ ၁၀၇၆) ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။ ပဲစိုက်ပျိုးရာ ပြည်နယ်အများစုမှာ ပဲစင်းငုံပင်များ အပွင့်ပွင့် နေပြီဖြစ်ပြီး ပဲအသစ်ဝင်လာတော့မှာဖြစ်လို့ ပဲစင်းငုံဈေးကျဆင်း လာခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ချန်နိုင်း ဆိပ် ကမ်းကို ပဲစင်းငုံကွန်တိန်နာ ၆၅ လုံးသာ ဝင်ရောက်လို့ တင်သွင်း ပဲစင်းငုံ ဝင်ရောက်မှု တော်တော်လေးလျော့ ကျလာခဲ့ပါတယ်။ ဝယ်လိုအားနည်းတာကြောင့် ကုလားပဲဈေးကလည်း လတ် တလော လျော့ကျနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းလက်ကျန် သိသိ သာသာနည်းတဲ့အပြင် ပဲအသစ်ထွက်ဖို့ကလည်း ၄-၅ လခန့် လို သေးတာကြောင့် ကုလားပဲဈေး မြင့်တက်လာမယ်လို့ ခန့်မှန်းကြပါ တယ်။ယမင်းခင်