Main menu

Background

အောက်တိုဘာ တတိယပတ် ပခုက္ကူကုန်စည်

Sun, 10/21/2012 - 07:20 -- Anonymous (not verified)

ပခုက္ကူကုန်စည်ဒိုင်မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်နေ တာကတော့ ပဲစင်းငုံပါ။ ကြားရက်တွေထဲမှာ စိမ်းသေး၊ ကုလားပဲဖြူလုံးကြီး၊ နှမ်းနီဆိုတာတွေကိုလည်း အရောင်း အဝယ်ဖြစ်ပါတယ်။အရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့ ပမာဏ အရ နည်းတာကိုတွေ့ရပါတယ်။ ဈေးနှုန်းတွေ၊ အရောင်း အဝယ် ပမာဏတွေအနေနဲ့ ပဲစင်းငုံနီ အောက်တိုဘာ ၁၆ ရက်မှာ တစ်ပိဿာ ၉၃၀ ကျပ်၊ တစ်တင်း ၁၈၆၀၀ ကျပ်နဲ့ အိတ် ၂၀၀၊ ၁၇ ရက်နေ့မှာ တစ်ပိဿာ ၉၃၅ ကျပ်၊ တစ်တင်း ၁၈၇၀၀ ကျပ်နဲ့ အိတ် ၃၀၀၊  ၁၈ ရက်နေ့မှာ တစ်ပိဿာ ၉၂၅ ကျပ်၊ တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၁၉ ရက်နေ့မှာ တစ်ပိဿာ ၉၂၀ ကျပ်၊ တစ်တင်း ၁၈၄၀၀ ကျပ်နဲ့ အိတ် ၁၀၀ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဈေးနှုန်း တွေ အရ တစ်ပိဿာအပေါ် ၅ ကျပ်၊ ၁၀ ကျပ်နှုန်းအကွာ တစ်တင်းအပေါ် ၁၀၀ ကျပ်၊ ၂၀၀ ကျပ်အကွာနဲ့ လှုပ်ရှားနေတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန်အပေါ် မူ တည်လို့ အရောင်းအဝယ်ဈေးနှုန်းဖော်နေ တယ်လို့ ခန့်မှန်းသုံးသပ်ရပါတယ်။

ကုလားပဲဖြူလုံးကြီးလည်း အောက်တိုဘာ ၁၉ ရက်မှာ တစ်ပိဿာ ၉၃၆ ကျပ်တစ်တင်း ၁၇၈၀၀ ကျပ်နဲ့ အိတ် ၁၅၀၊ နှမ်းညို (ယော) က တစ်ပိဿာ ၁၇၆၆ ကျပ်၊ တစ်တင်း ၂၆၅၀၀ ကျပ်နဲ့ ၈၇ အိတ် အရောင်းအဝယ်ဖြစ်ပါတယ်။ ပခုက္ကူမှာ ယောနှမ်းတွေဝင်နေတာကို လေ့လာတွေ့ရှိရပေမဲ့ ကုန်စည်ဒိုင်မှာတင်ပြီး တော့ ရောင်းတာ ဝယ်တာနည်းနေတာကိုလည်း တွေ့ရပါတယ်။ ပဲတီစိမ်းဈေးက အောက်တိုဘာ ၁၆ ရက်မှာ တစ်ပိဿာ ၁၁၃၆ ကျပ်၊ တစ်တင်း ၂၁၆၀၀ ကျပ်နဲ့ အိတ် ၁၀၀၊ ၁၇ ရက်မှာ တစ်ပိဿာ ၁၁၆၈ ကျပ်၊ တစ်တင်း ၂၂၂၀၀ ကျပ်နဲ့ အိတ် ၆၀၀၊ ၁၉ ရက်နေ့မှာ တစ်ပိဿာ ၁၂၀၀ ကျပ်၊ တစ်တင်း ၂၂၈၀၀ ကျပ်နဲ့ အိတ် ၃၀ ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဆိုတာ စိုက်ပျိုးထွက်ရှိတဲ့ ပမာဏပေါ်မူတည်ပါတယ်။ ဘယ်လောက်ဘဲ ဝယ်ယူလိုပေမဲ့ ကိုယ်လိုတဲ့ပစ္စည်း စိုက်ပျိုးထုတ်လုပ်ထွက်ရှိမှု မရှိရင်မဖြစ်ပါဘူး။ အခု တစ်လော အညာဒေသမှာ မိုးဟာ ရက်ခြားဆိုသလို ရွာသွန်းနေတာကြောင့် ပခုက္ကူမြို့နယ်၊ ရေစကြိုနယ်၊ မြိုင်နယ်စတဲ့ဒေသ တွေမှာစိုက်ပျိုးထား ကြတဲ့ပဲစင်းငုံ၊ပဲတီ စိမ်း၊ နှမ်း၊ မြေပဲ၊ ဝါ စတဲ့ စိုက်ခင်းများကောင်းမွန်ဖြစ်ထွန်း အောင်မြင်နေတယ်ဆိုတဲ့ သတင်းတွေအရ အရောင်းအဝယ်လောကအတွက် မင်္ဂလာသတင်းတွေ ဖြစ် ကြောင်းပါ။                                                     မြင့်ဦး-ပခုက္ကူ