Main menu

Background

အဝင်သွက်ပေမယ့် ဈေးပုံမှန်ရှိနေတဲ့ ပြည်ချင်းဈေးကွက်

Sun, 10/21/2012 - 07:22 -- Anonymous (not verified)

ပြည်ချင်းဈေးကွက်မှာ အောင်ပန်းနဲ့ တောင်ကြီးမှာ ချင်း(အတက်)များ ပေါ် ထွက်နေပြီဖြစ်ပေမယ့် မှာယူ တင်သွင်းရောင်းဝယ်မှု မရှိသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပွဲရုံများကို လက်ကျန် ချင်း(ဥမ) အဟောင်းများသာ ပိဿာ ၃၀ ဝင်အိတ် ၅၀၀ ခန့်အဝင်ရှိပြီး၊ ယခင်အပတ်မှာထက် အဝင်များလာပါတယ်။ ချင်းတက်(အသစ်)များမှာ ရောင်းအားမရှိသေးတဲ့အတွက် မှာယူတင်သွင်းမှုမရှိဘဲ ချင်း(ဥမ)ရှယ် ၅၀၀ ကျပ်၊ (ဂျွန်) ၃၅၀ ကျပ် - ၄၀၀ ကျပ်ဈေးရှိပြီး၊ ချင်းဓားလှီး သမားများလက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီ တိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်သို့ တင်ပို့မှုအပါအဝင်ပွဲရုံများမှာ ပိဿာချိန် ၄၀၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ ယခင်ကာလများထက် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်