Main menu

Background

ရှမ်းချင်းဈေးကွက် ချင်းအဝင်နည်း

Sun, 10/21/2012 - 07:23 -- Anonymous (not verified)

ဟိုပုံးချင်းဈေးကွက်မှာတော့ ချင်း(စို)က အဝင်မရှိတော့သလို အရောင်းအဝယ် ကလည်းမရှိ သလောက် ဖြစ်နေပါပြီ၊ ချင်းသစ်တွေက အစိုက်နောက်ကျတာကြောင့် စောရင်တောင် ၁၁ လပိုင်းကုန် ၁၂ လပိုင်းလောက်မှ သာ အရင့်တွေဝင်လာတော့ မှာဖြစ်ပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ ချင်း(ဥမ)တွေ အဝင်နည်းသွားပါပြီ။ ၅ ရက် တစ်ဈေးကိုငါးေ ထာင်၊ ခြောက်ထောင်ခန့်သာအဝင်ရှိပြီး၊ ဝင်သလောက်တော့ ပြန် ရောင်းနေရတယ်လို့ သိရပါတယ်။ ချင်း(စို)က ပုံမှန်လည်ပတ်ပြီး၊ ရောင်းနေရပေမယ့် ချင်းခြောက်ကတော့ အရောင်းထိုင်းနေတယ်လို့ ဆိုပါတယ်။ ချင်း(ဥမ) ကလည်း ကုန်သလောက်ဖြစ်နေပါပြီ။ ဒီနှစ်ချင်းသစ်ကတော့ ထိပ်ပုပ်တာတွေများနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းဈေးက ချင်း(ဥမ)တစ်ပိဿာ ၁၆၀ ကျပ် - ၁၈၀ ကျပ် - ၂၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းတက်သစ်တွေ ကတော့ ကောင်းရင်ကောင်း သလိုဈေးပေးဝယ်နေပြီးတစ်ပိဿာကို ၁၀၀ ကျပ်မှ ၂၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက် ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်  - ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းချင်းပွဲရုံ တွေက သိရပါတယ်။                                   ဧဧခိုင် - တောင်ကြီး