ကျောက်ပန်းတောင်း မန်ကျည်းသီးဈေးကွက်မှာ ယခုနောက်ပိုင်းလှောင်ကုန် များနဲ့ အရောင်းအဝယ်ဖြစ် ကာ ဈေးအေးလာတယ်လို့ သိရပါတယ်။ လှောင်ကုန် လက်ကျန်မှာ ယခုနှစ်အထွက်များတဲ့အတွက် လက်ကျန်များပြီး၊ လှောင်ချိန်ကာလ အရ အရောင်မလှတော့တဲ့အတွက် ဈေးကျလာခြင်းဖြစ်ပါတယ်။ ယခင်က တစ်ပိဿာ မန်ကျည်း အသားထိပ်စ ၈၅၀ ကျပ်၊ အကြောဆွဲ ၄၂၅ ကျပ် ဈေးကနေ ယခုမန်ကျည်းအသား တစ်ပိဿာ ၇၇၅ ကျပ် - ၇၀၀ ကျပ် - အကြောဆွဲ ၃၉၀ ကျပ်ဈေးသာရှိပါတော့တယ်။ လှောင်ကုန်ရောင်းလိုအားအရ လာမယ့်အသစ်မပေါ် မီ အချိန်ထိ ဈေးအေးနေမယ်လို့ ကုန်သည်တစ်ဦးက ခန့်မှန်းပြောကြား သိရပါ တယ်။ သင်းသင်းမြတ် - မန္တလေး
Background