Main menu

Background

ရှမ်းနနွင်း လက်လီအရောင်း ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 10/21/2012 - 07:35 -- Anonymous (not verified)

ရှမ်းနနွင်းကတော့ လက်ကြီးသမားတွေ ဝယ်ယူမှုနည်းပြီး၊ လက်လီလောက်သာ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ နနွင်း လက်ကျန်ကလည်း အတော်ကျန်နေပါသေးတယ်။ အရောင်းအဝယ်အနေနဲ့ကတော့ သူ့အရည် အသွေးနဲ့သူ ပုံမှန်လောက် တော့ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ သီတင်းကျွတ်ပွဲေ တာ်ကြောင့် တောင်သူတွေ ကလည်း လိုသလောက် သာ ထုတ်ရောင်းကြတာကြောင့် ပွဲရုံတွေကလည်း လက်လီသာ ဝယ်နေ ကြရတယ်လို့ သိရပါတယ်။ လက်ရှိနနွင်းပေါက်ဈေးက ရိုးရိုးနနွင်းတစ်ပိဿာ ၆၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ဆင်တောင် နနွင်းက ၁၁၀၀ ကျပ် - ၁၂၀၀ ကျပ်ဈေးရှိပါတယ်။

ဟိုပုံးနနွင်းကိုတော့ဒေသခံတွေနဲ့ တောင်ကြီးလှောင်လက်တွေက တစ်ပိဿာ ၈၅၀ ကျပ်နဲ့ ဝယ်ယူ နေပါတယ်။ တစ်ပတ် အတွင်း ပိဿာချိန် ငါးထောင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။                 ဧဧခိုင် - တောင်ကြီး