Main menu

Background

အိန္ဒိယနနွင်းဈေး ဆက်လက်ကျဆင်းလို့ ရောင်းဝယ်မှုပါးနေ

Sun, 10/21/2012 - 07:37 -- Anonymous (not verified)

အိန္ဒိယနနွင်းလက်ချောင်းဈေးကွက်မှာ အောက်တိုဘာ လ ၁၈ ရက် နနွင်းဈေးက မျှော်မှန်းမထားတဲ့ ပမာဏ တစ် တန်ရူပီး ၃၀၀၀(ကန်ဒေါ်လာ ၅၆)ခန့်ကျဆင်းခဲ့ပါတယ်။ ကုန် သည်တွေအနေနဲ့ ၎င်း တို့ထံမှာ သိုလှောင်မှု အမြောက် အမြားရှိနေပေမယ့် အိန္ဒိယမြောက်ပိုင်းက အမှာအော်ဒါ အခု ထိ မရှိဘူးလို့ဆိုပါတယ်။ စပ်မျိုးနနွင်းလည်း အရည်အသွေးနိမ့် လို့ တစ်တန် ရူပီး ၇၅၀၀ (ကန်ဒေါ်လာ ၁၄၀)ခန့်ကျဆင်းခဲ့ပါ တယ်။

ယခုလို ဈေးအများကြီး ကျဆင်းတာဘာကြောင့်လဲဆို တာ မသိဘူးလို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေရာဗွီရှန်ကာမှ ပြောကြားပါတယ်။ လွန်ခဲ့တဲ့ ရက်က  Durga  Pooja  အတွက် အဝယ်အနည်းငယ် ရှိပေ မယ့် နိုင်ငံမြောက်ပိုင်းကတော့ အဝယ်အသစ်မရှိဘူးလို့ ဆိုပါ တယ်။ယခုလောက်ထိ ဈေးအနိမ့်ဆုံးကို ကျဆင်းတာကို တွေ့ ရတာ ပထမဆုံး အကြိမ်ပဲလို့ဆိုပါတယ်။ နီဇမ်မာဘတ်နဲ့ ဆန်းလီ တို့မှာလည်း နနွင်းဈေးက နိမ့်တယ်လို့ ဆိုပါတယ်။ အခုလို အရောင်းနှေးတာကို မကြုံဖူးဘူးလို့ အသက် ၈၀ အရွယ် လယ်သမားတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်ရက်ကို အမြင့်ဆုံး တစ်တန်ရူပီး ၅၇၈၉၀ (ကန်ဒေါ်လာ ၁၀၈၄)နဲ့အိတ် ၄၀၀၀ ကျော်ရောင်းချခဲ့တယ်။ဒါပေမယ့် ဒီနှစ် မှာတော့ အိတ် ၁၃၀၀ ဝင်ရောက်ခဲ့ရင် ထက်ဝက်လောက် သာ ရောင်းရတယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံး ဝယ်လိုအားနည်းနေတာကြောင့် ကုန်သည် တွေလည်းမဝယ်ကြဘူး၊ ဒါကြောင့်လေလံစင်တာကို တောင်သူ တွေလည်း အိတ်အနည်းငယ်သာ သယ်လာကြတယ်လို့ ဆိုပါ တယ်။ အီရော့ကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်း ချောင်း တစ်တန် ရူပီး ၃၈၁၁၀ - ၅၃၂၉၀ (ကန်ဒေါ်လာ ၇၂၆-၉၉၈) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၇၈၀ - ၄၆၇၇၀ (ကန်ဒေါ်လာ ၆၈၈-၈၇၅)ရှိကြောင်း သိရပါတယ်။ယမင်းခင်၊Source: businessline